one

2.4K 167 4
                                    

ITALY, ROME.

ဥတုက သာယာသည်။ လသာဆောင်က Geranium (ဂျရေနီယမ်) ပန်းနီနီတို့ လှိုင်လှိုင်ပွင့်ချေပြီ။ ကျွန်းညိုရောင်ဘောင်ကွပ်ထားသည့် တံခါးပေါက်ဖြူဖြူအပြင်က အိမ်နံရံမှာလည်း တွယ်ကပ်နေသည့် အပန်းဆောင်သောgeranium အရောင်ဖျော့ဖျော့တို့ ‌ပွင့်လုနီးပြီ။

ယူဂျင်း ထောပတ်စိမ်းရောင်လိုက်ကာ ပါးပါးကို ဆွဲလှပ်တော့ နေရောင်ခြည်နွေးနွေးက ပြတင်းပေါက်ကို ဖြတ်ကျော်ပြီး စန္ဒယား ပေါ် ထိ ဖြာကျသည်။
သို့သော် မကြာခင် နေဝင်တော့မည်။

ပွဲကအပြန် ခြေကုန်လက်ပန်းကျလာရသည်ပေမဲ့ လုပ်နိုင်သည်ထက် ပိုလုပ်ပြနိုင်ခဲ့ကြောင်းတွေးမိရတော့ ပီတိစိတ်က အဖြာဖြာ။
အပေါ်ဝတ် coatအင်္ကျီအညိုဖျော့ဖျော့ကို လက်မောင်းမှ တစ်ချက်တွန်းတင်လိုက်ရင်း pianoထိုင်ခုံမှာ နေရာယူလိုက်သည်။

မစခင် လက်ချောင်းသွယ်သွယ်တို့ကို
စန္ဒယားပေါ် ကူးခတ်ပြေးလွှားစေတော့ အမည်မသိတဲ့ခံစားချက်ကြောင့် ယူဂျင်း ပြုံးမိသည်။
ဒီဟာက Pianist တစ်ယောက်ဖြစ်တဲ့ ယူဂျင်းဖေဖေဆီက အမွေရထားတဲ့ အကျင့်တစ်ခု။ ။

စိတ်ပေါ့ပါးလန်းဆန်းနေသည်မို့ ယူဂျင်း သဘောကျရတဲ့ သီချင်းတစ်ပုဒ်ကို တီးခတ်ဖို့ ကြံရွယ်သည်။
ယူဂျင်း သိပ်ကြိုက်ရပါသည့် သီချင်း။ သူဒီသီချင်းကြောင့်ပင် အထက်တန်းကျောင်းသားဘဝတွင် ယူဂျင်းတစ်ယောက် pianoတီးခြင်းကို စိတ်ဝင်စားလာခဲ့တာလည်း ဖြစ်သည်။ ဖေဖေက pianist တစ်ယောက် ဖြစ်သည့်အလျောက် ယူဂျင်းငယ်ငယ်ကတည်းက ဒီပညာနဲ့မစိမ်းအောင် ပြောပြသည်။ သို့သော် ယူဂျင်းက ဒါကို ဗဟုသုတတစ်‌ခုအနေဖြင့်သာ မှတ်ယူခဲ့သော်ငြား အချိန်တစ်ခုအကြာမှာတော့ သွေးကစကားပြောတော့သည် ထင်ပါသည်။ ယူဂျင်း pianoတီးခြင်းသို့ နစ်မြုပ်ခဲ့သည်။

~Mystery Of Love - Sufjan  Stevens ~

*Oh~ to see without my eyes
ငါမျက်လုံးတွေမှိတ်ထားရင်တောင် ခံစားနေမိတယ်
the first time that you kissed me
မင်း ငါ့ကို ပထမဆုံး ပေးခဲ့တဲ့ အနမ်းလေးကိုပေါ့။
Boundless by the time I cried
ငါအတိုင်းမသိ ငိုကြွေးခဲ့တဲ့ အချိန်တွေတုန်းကလည်း
I built your walls around me
မင်းက ကိုယ်ရံတော်လို ငါ့ဘေးမှာ ရှိနေပေးခဲ့တယ်
White noise, what an awful sound
Fumbling by Rogue River
Rogue River ရဲ့လှပတဲ့ ရေစက်ကျသံတွေက
Feel my feet above the ground
ငါ လေထဲမှာ ပျံဝဲနေတယ်လို့တောင် ခံစားရစေတယ်။
Hand of God, deliver me
ဘုရားသခင် ကိုယ့်ဆီပေးလိုက်တဲ့ လက်ဆောင်လေးလိုမျိုးပေါ့ *

when blue meets yellow in the west Où les histoires vivent. Découvrez maintenant