(Unicode Version )
အခန်း (၁)
Fabruary..... ။
မကြာခင် Valentine Day ရောက်တော့မည်
ဖြစ်တာမို့ ကျောင်းသားများမိမိချစ်သူအား
လက်ဆောင်ပေးရန် ချောကလက်များပင်
ဝယ်နေကြပြီဖြစ်သည်...။ထို့ကြောင့် University ရှေ့တွင်
ဖွင့်လှစ်ထားသည့်Mini Mart၌
ကျောင်းသားများစုစုဝေးဝေးရှိနေကြသည်..။ဂျဲန်းနီထိုMini martအား အကြည့်လွှဲပစ်ရင်း
သူမရှေ့တွင်မြင်နေရသော University ကို
သာ တန်းတန်းမတ်မတ်လျှောက်လာခဲ့သည်။" အား!"
ခြေဖဝါးက စူးစူးနင့်နင့်အရသာကြောင့်
ဂျဲန်းနီ ဖိနပ်အား ငုံ့ကြည့်လိုက်မိသည်..။" ကျစ်!! ဘာမဟုတ်တဲ့ ခဲလုံးလေး "
ဟုပြောရင်း ဖိနပ်ထဲဝင်နေသော
ခဲလုံးကို ထုတ်ပစ်လိုက်သည်။ကျောင်းထဲရောက်ရောက်ချင်း
Dating သတင်းတချို့က ဂျဲန်းနီအား
ကြိုဆိုနေလေသည်...။ကျောင်းသား၊ကျောင်းသူများ ကိုယ့်အုပ်စု
နှင့်ကိုယ် တီးတိုးပြောဆိုနေကြပြီး
ထိုအကြောင်းရင်းမှာ ဂျဲန်းနီတို့ University
က The Whole Kingနှင့် Queenတို့ ချစ်သူများ
ဖြစ်နေပြီဆိုသည့် သတင်းပင်..။ပုံမှန်ဆို ဂျဲန်းနီက ဒီလိုDatingသတင်းတွေ
သိပ်စိတ်ဝင်စားသည်တော့မဟုတ်...။
သို့ပေမယ့် Queen ဆိုတာ တခြားသူ
မဟုတ်...ဂျဲန်းနီ၏ အချစ်ရဆုံးသူငယ်ချင်း
ကင်မ်ဂျီဆူးပင်...။ထို့ကြောင့် နောက်မှ Congratulations လုပ်
ပေးမည်ဟုတွေးကာ ကဲန်တင်း၌ထိုင်ရင်း
ပါလာသည့် စာအုပ်များအားစစ်နေမိသည်..။" တစ်အုပ်၊နှစ်အုပ်၊သုံးအုပ်...အယ် "
" သုံးအုပ်မြောက်ကမှားယူလာတာပဲ
ကျစ်!!ပြန်လဲရအုန်းမယ်...အတန်းပြီးမှ
သွားတော့မယ် "ဟုပြောရင်း ရှေ့တွင်ချထားသည့်
ကော်ဖီခါးခါးအား ဆက်သောက်နေမိ
သည်...။တိုက်ဆိုင်သည်ပဲလားမသိ...
Queen Jisooသည် ဂျဲန်းနီဆီသို့ တစ်စိုက်မတ်မတ်
လျှောက်လာနေသည်ကို ကဲန်တင်းထဲမှ
လှမ်းမြင်လိုက်မိသည်...။
YOU ARE READING
Fake Hate (Ongoing)
Fanfictionသူမရဲ့လမ်းခွဲစကားအဆုံးနဲ့ ကျွန်မဘက်က ဘာမှမတုံ့ပြန်သေးခင် စက္ကန့်ပိုင်းလေးလောက်မှာ သိက္ခာပြန်ဆည်စရာမလိုဘဲ နေနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို သိပ်ဂုဏ်ယူမိတယ်..သေချာတွေးကြည့်ရင် ကျွန်မအတွက်တော့ အချစ်ထက် မာနကပိုအရေးပါနေတာမို့ ညင်ညင်သာသာလေးပဲလက်လွှတ်ပေးခဲ့တယ်...