Part 23

855 34 0
                                    

Unicode

၈လပိုင်း ၁၃ရက်။
သီဟ၏၂၁နှစ်ပြည့်မွေးနေ့ဖြစ်သည်။

မွေးနေ့အတွက် ဘာလက်ဆောင်တွေ လိုချင်သလဲလို့အမေးခံရရင် ရူပါနဲ့အတူရှိနေခွင့်ကလွဲ၍ ဘာမှမလိုချင်ဟု ဖြေမိမှာပဲ။တကယ်လည်း ရူပါနဲ့သာ အတူရှိနေချင်မိပါသည်။မွေးနေ့မို့လို့ ကိုးကွယ်ရာဘုရားဆီသွားပြီး ဆုတောင်းဝတ်ပြုချင်သည်ဆိုတဲ့အကြောင်းပြချက်ဖြင့် ဆိုင်ကနေခွင့်တစ်ရက်ယူလိုက်သည်။

ဆုတောင်းဝတ်ပြုချင်သည်ဆိုတာထက်ကို ပိုပြီး ရူပါနှင့်လျှောက်လည်ချင်တာပါဆိုသည်ကိုတော့ ဆိုင်ရှင်ကိုမပြောဖြစ်ခဲ့။ပြန်တွေ့ရသည့်အချိန်ကတည်းက ရှောင်ဖယ်နေခဲ့သည့် ရူပါ့ကို သူနှင့် လျှောက်လည်ပေးဖို့ မရမကတောင်းဆိုခဲ့ရသည်။အတွင်တွင်ငြင်းနေခဲ့သော်လည်း မွေးနေ့မို့ပါလို့ ဆိုလိုက်တော့ ရူပါက လက်ခံသွားခဲ့သည်။

ကောင်းမှုကုသိုလ်တွေ အတူလုပ်ပြီး တောင်းခဲ့သည့်ဆုက 'ရူပါ့အား စိတ်ချမ်းသာစွာ ထားနိုင်သူဖြစ်ရပါစေရဲ့'

နေ့လည်ခင်း ပူပြင်းသည့်နေကို အံမတုနိုင်တော့ အရိပ်ခိုဖို့ ဆိုင်ကောင်းကောင်းတစ်ခုကို ရှာရသည်။တိတ်ဆိတ်အေးချမ်းသည့်အသွင်အပြင်နှင့် သဘောကျစရာကောင်းသည့် ခံစားမှုက ဒီဆိုင်ထဲဝယ်အပြည့်ပင်။

ဆိုင်ထဲမှာရှိသည့် စားပွဲတွေအကုန်လုံးမှာ အတွဲတွေအသီးသီးထိုင်နေကြသည်။ဆိုင်နာမည်ကို သေချာကြည့်လိုက်မှပဲ ဒီဆိုင်က အတွဲတွေကြားနာမည်ကြီးသည့် ဆိုင်မှန်းသိရတော့သည်။မွေးပျံ့နေသည့် ကော်ဖီနံလေးရယ်၊လှပသည့်ပုံစံဖြင့် မှန်ဘောင်ထဲတွင်ရှိနေသော ချိုမြသည့်ကိတ်မုန့်တွေရယ်ကပဲ ဒီဆိုင်ကိုပိုပြီး နာမည်ကြီးစေသည့်အရာတွေ။ရူပါက သီဟ့အတွက် မွေးနေ့ကိတ်အသေးစားလေးတစ်လုံးကို မှာပေးလိုက်သည်။

ကိတ်မုန့်ပေါ်ဖယောင်းတိုင်တွေထွန်းလိုက်ပြီး သီဟကကိတ်မုန့်ကိုကိုင်၍ဆုတောင်းနေခဲ့သည်။မွေးနေ့ရှင်အတွက် အမှတ်တရဖြစ်စေရန် ဓါတ်ပုံရိုက်ပေးဖို့ ဖုန်းထုတ်နေတုန်း မွေးနေ့ရှင်က ဖယောင်းတိုင်မီးတွေကို အကုန်မှုတ်ပစ်လိုက်သည်။ 

ပိုင်ဆိုင်လိုခြင်း(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ