Part 40

862 21 2
                                    

Unicode

ရဲကားတွေရောက်လာသည့်အခါ မခသည် လူမိုက်တစ်ယောက်ဆီက ဓါးကိုယူ၍ ဟိန်းစက်လက်မောင်းအား ထိုးထည့်လိုက်သည်။ရှောင်နိုင်လိုက်သည့်အတွက် အနက်ကြီးမထိုးမိသော်လည်း ရှပ်တော့ထိသွား၏။ရဲကားသံကြားလို့လည်း မခသည်မပြေး။သို့သော်လူမိုက်တွေကတော့ ပြေးကုန်ကြပြီ။

သီဟနှင့်ဟိန်းစက်သည် ရူပါနှင့်သုတအား ကြိုးတွေဖြည်ပေးလိုက်သည်။အချိန်ကြာမြင့်စွာ ကြိုးတုပ်ခံထားရသည့်အတွက် ရူပါနှင့်သုတ ၂ယောက်စလုံး၏လက်တွင် ကြိုးရာသည်ထင်းခနဲ။မျက်နှာထက်တွင်လည်း ဒဏ်ရာဒဏ်ချက်တွေဖြင့် အပြည့်။

မခသည် အောင်နိုင်သူတစ်ယောက်ကဲ့သို့ ပြုံး၍ သူ့အားရဲတွေလာဖမ်းမည့်အချိန်ကို စောင့်နေသည်။တခြားသူတွေလို သူသည်ထွက်မပြေး။သူကျေနပ်သွားပြီလေ။လုပ်ချင်ရာ လုပ်လိုက်ရ၍သူကျေနပ်သွားပြီ။သူ့ဘဝပျက်စီးသွားသမျိုး ပြန်ပြီးမဖျက်ဆီးခဲ့သော်လည်း စိတ်ဒုက္ခရောက်အောင်တော့ လုပ်ခဲ့ပြီးပြီလေ။သူ့ကြောင့် တခြားသူတွေကို နာကျင်စေခဲ့ပြီ။သူ့ကို ဒုက္ခတွင်းထဲရောက်အောင် ပို့သူကိုလည်း စိတ်ရောကိုယ်ပါ ဒုက္ခပေးပြီးပြီပဲ။နောက်ဆုံးအနေဖြင့် သူ့လက်နှင့်ကိုယ်တိုင် ဟိန်းစက်ကို ဓါးနှင့်ထိုးခဲ့ပြီးပြီ။ရှောင်နိုင်ခံ့တာကတော့ ဟိန်းစက်၏ကျွမ်းကျင်မှု၊သူ့အားနည်းမှုတွေကြောင့်ပဲ။

အကြွေးရှင်တွေဆီက သူအရိုက်ခံရသလိုမျိုး ဟိန်းစက်ကိုလည်း ပြန်ရိုက်ခဲ့ပြီးပြီ။ဟိန်းစက်ချစ်ရသူတွေကိုလည်း အသားနာစေခဲ့ပြီးပြီ။မခမျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရသလိုမျိုး ဟိန်းစက်ရောသီဟပါ မျက်ရည်ပေါက်ကြီးငယ်ကျပြီးပြီလေ။ကျေနပ်သွားပြီ။

ဆပ်စရာအကြွေးတွေလည်းကုန်ပြီ။လုပ်ချင်ရာတွေ အကုန်လုပ်ပြီးပြီပဲ...ရှင်သန်ရမည့် အကြောင်းပြချက်သည် မရှိတော့ပြီ။သို့သော် သူမသေချင်ပေး။မကောင်းသည့် သူ့ခန္ဓာကိုယ်က အငွေ့အသက်တွေအကုန်လုံး ဆေးကြောပြီး...တစ်နေ့ ကောင်းကင်ကြီးသာယာတဲ့တစ်နေ့ကျရင်တော့ မာနကြီးတဲ့မခ၊ပြည့်တန်ဆာ မခအနေနှင့်မဟုတ်ဘဲ သာမာန်မိန်းကလေးတစ်ယောက်အနေဖြင့် လောကကြီးရဲ့တစ်နေရာတွင် ရပ်တည်ချင်ပါသေးသည်။သူ့စိတ်တွေကို ပြင်ဆင်ဖို့ရန်အတွက် သူရဲ့လက်ရှိအပြစ်နှင့် ထောင်ဆိုသည့်လေးဘက်လေးတန်တံတိုင်းကာထားသော အဝန်းအဝိုင်းတစ်ခုထဲတွင် ကျေနပ်စွာ နေရစ်ခဲ့တော့မည်။

ပိုင်ဆိုင်လိုခြင်း(Completed)Hikayelerin yaşadığı yer. Şimdi keşfedin