အခန်း ၁၀၆ ။ အတိတ်ကို စုံစမ်းစစ်ဆေး ခြင်း(၁)
Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: January 28 , 2023
=====================ချောင်ရုံဟွမ် ရဲ့ နှလုံး ခုန်နူန်းက
လွဲချော်သွား
ခဲ့ရတယ် ။ ချောင်းအနည်းငယ် ဟန့်ပြီး,
သူမက ရှင်းရီချန်းကို ပြုံးပြီး ပြောလိုက်
တယ်, " အစ်ကိုရီချန်း, မိုယွီက
ယဲ့ဖေးချန်ကို မကြောက်မရွံ့ လိုက်
လိမ့်မယ်လို့ ကျွန်မ
ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး ။
သူမ ကြည့်ရတာ သူ့ကို တကယ်
ကြိုက်တဲ့ပုံပဲ! သူတို့ရဲ့ နေ့ရက် တွေကို ရိုက်ကွင်းမှာ အတူ ကုန်ဆုံးပြီး
နောက်မှာ သူတို့က ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု တိုးတတ်လာတာ ဖြစ်နိုင်တယ် ,
ဒါကြောင့် သူမက အခု အဲ့ဒါကို လူတိုင်းကို ပြသဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်! "သူမ စကားတွေက သူမ ညီမအစ်မ ဖြစ်သူအတွက် ပျော်ရွှင်မူတွေပြည့်နေပုံပေါ်သော်
လည်း အမှန်တကယ်ကတော့ ချောင်မိုယွီ နဲ့
ယဲ့ဖေးချန်ကြားက ဆက်ဆံရေးအပေါ်
ဦးတည်ချက်ထားနေခဲ့တာ ။ဒါကို ကြားတဲ့အခါ, ရှင်းရီချန်းက
ချောင်မိုယွီကို မနှစ်မြို့ စွာ ကြည့်လိုက်
တယ် ။ထိုအချိန်တွင်, host က မေးလာခဲ့တယ်,
" မိုယွီ, မင်းငယ်ငယ်တုန်းက တောင်တွေဆီ
ရောက်ဖူးတာလား? တို့ အစတုန်းက မင်း
မြို့တော်မှာ ကြီးပြင်း လာတယ်လို့ ထင်မိတာ,ဒီလိုဆို, အရင်တုန်းက ငါးဘယ်လို
ဖမ်းရမယ်ဆိုတာ မင်း ဘယ်လို
သင်ယူခဲ့တာလဲ?"ရှင်းရီချန်းရဲ့ စူးစိုက်အကြည့်က သူမကို
ထွင်းဖောက်နေသည်အား ချောင်မိုယွီ နား
လည်လိုက်ချိန် သူမရဲ့ နှလုံးခုန်နူန်းတွေ လွဲ
ချော်သွားခဲ့တယ် ။ သို့ဖြစ်စေကာမူ, သူမ
ပြန်ဖြေလိုက်တယ်, " အမှန်တကယ်တော့,
အရွယ်ရောက်လာတဲ့အချိန် တောင်တွေကို
မကြာခဏ မသွားဖြစ်ဘူး ။ ပထမတော့
ကျွန်မက အပျော်အတွက် အပြင်ထွက်ကစား
ဖို့ တစ်ခါတစ်ရံ ခိုးထွက်တာပါ, ဒါပေမဲ့
ကျွန်မ ၁၃ နှစ်အရွယ်က, တောင်တွေမှာ
မတော်တဆဖြစ်ပြီး ပြည်ပမှာ ကုသဖို့
ကျွန်မ နှစ်တစ်ဝက်လောက် အချိန်
ကုန်ဆုံးခဲ့ရတယ် ။ အဲ့ကတည်းက
ကျွန်မ ဘယ်တော့မှ ပြန်မသွား
တော့ဘူး ။ ဒီနေ့ရဲ့ ငါးဖမ်းတာက
ရိုးရိုးရှင်းရှင်းလေး ကံကောင်းသွားတာပါ။ အကယ်၍ မနက်ဖြန် ကျွန်မ ငါးဖမ်းရရင်, မင်း စားပွဲ အပြည့် စားရဖို့
သေချာပေါက် မဖြစ်နိုင်ဘူး!"
BẠN ĐANG ĐỌC
CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》
Lãng mạn*Not Mine * # Credit goes to Original Author & Translator # // English Translator ထံမှ ခွင့်ပြုချက်ရရှိပြီးဖြစ်ပါတယ် // Short Title : TCVCF Alternate Title : 穿成总裁蚊子血[穿书] Story Title ; The CEO's Villainess Childhood friend Author ; Zhuge Jin , 诸葛锦 ...