အခန်း ၁၃၅ ။ ဖွင့်ပြောခြင်း (၂)

340 14 5
                                    

အခန်း ၁၃၅ ။ ဖွင့်ပြောခြင်း (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
================

တာအို ခေါင်းဆောင် ချင်းရင်က သူမ
အသိအမှတ်ပြုထားတဲ့ စီနီယာ အစ်ကိုကြီး
ဟာ ခုန်ပေါက်ပျော်မြူးနေတဲ့ မျောက်တစ်ကောင်လို နှလုံးသား , ကဆုန်ပေါက်ပြေးနေတဲ့ မြင်းတစ်ကောင်လို စိတ်နဲ့သူမအပေါ် ဂနာမငြိမ်တဲ့ ခံစားချက်ရှိနေတာကို မသိရှာဘူး ။ သူမက သူမရဲ့ ဓားရှည်အကပြီးနောက်, လုပ်ငန်းစဥ် ရဲ့ နောက် တစ်ဆင့် ဆီ သွားတယ်။

ဒီတစ်ကြိမ်တွင် သူမဟာ အလွန် လုံ့လရှိ
တယ် ဘာကြောင့်ဆို ၎င်းကိစ္စတစ်ခုလုံးကို
လုပ်ပြီးနောက် လော့လော့နှင့်အတူ အစားကောင်းတွေကို စားဖို့ သူမ မျှော်လင့်နေတာ
ကြောင့်ပင်။ ၎င်းက သူမကို သူ မတူစွာ အလုပ်ကြိုးစားစေတယ် ။

နောက်ဆုံးတွင် အလင်းဖွင့်ခြင်း လုပ်ငန်းစဥ်
က ပြီးပြည့်စုံသွားပြီ ။ သူဌေးက ငွေပေးချေ
ပြီး ချောင်မိုယွီရဲ့ နဖူးပေါ်က ချွေး စက်တွေ
ကို တွေ့လိုက်တာကြောင့် သူ မေးလိုက်တယ်,
" ကြီးမြတ်တဲ့ ဆရာသခင်, ဆရာ မနှစ်သက်
တာမျိုး မဖြစ်ဘူးဆိုရင်, ကျွန်တော်တို့ရဲ့
ဆိုင်ထဲ ကျေးဇူးပြုပြီး ဝင်ထိုင်ပါ!
မစ္စတာ သရုပ်ဆောင် ရောပဲ ။ ကျွန်တော်တို့
ဆိုင်က အရာအားလုံးက ကျွန်တော် နဲ့
ကျွန်တော့် ဇနီး လုပ်ထားတာတွေပဲ ။ ပါဝင်
ပစ္စည်းတွေက အရည်အသွေး ကောင်းတယ်,
အရသာက စစ်မှန်တယ်!"

ချောင်မိုယွီ က သဘောမတူခင် စက္ကန့်
အနည်းငယ်ခန့် တွေးဟန်ဆောင်လိုက်ကာ,
" ဒါဆို ငါတို့ မင်းကိုပဲ နှောက်ယှက်ရတော့
မယ်!"

စုံတွဲက ချက်ပြုတ်ဖို့ မီးဖိုထဲ အမြန် ဝင်သွား
ကြတယ် ။ အပြင်ဘက်တွင်, လော့လော့ရဲ့
မျက်လုံးကြီးတွေက ယဲ့ဖေးချန်ကို စိုက်ကြည့်
နေကာ, " ဂိုဏ်းတူဦးဦး, ဦးဦး ရဲ့ တောက် နာမည်
က ဘာလဲ?"

ယဲ့ဖေးချန်က အနည်းငယ် တွေးပြီး,
" ဦးဦး ကို ကျွေ့ယွီ လို့ ခေါ်နိုင်တယ်!"

ချောင်မိုယွီ က ၎င်းကို တွေးပြီး,
" ကျွေ့ယွီ ? အရမ်း ကြော့ ရှင်းတယ် ,
ကောင်းလိုက်တာ!"

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Nơi câu chuyện tồn tại. Hãy khám phá bây giờ