[ Lost In ] Ko Ko

246 20 1
                                    

အကယ်၍များ ကိုယ့်ဘဝကို စွန့်လွှတ်လိုက်ရမယ်ဆိုရင်တောင်
နောက်ဆုံးသော ရွေးချယ်မှုက မင်းဖြစ်လို့နေဦးမှာပဲ

ဖြူစင်လွန်းတဲ့ မင်းက သိပ်ကိုအယုံလွယ်လွန်းတယ်
လွယ်လွယ် နီးစပ်ခွင့်ပေးခဲ့တဲ့ ကံကြမ္မာကိုတောင် မင်းယုံကြည်ခဲ့ပြန်တယ်

မျှော်လင့်ချက်အပြည့်တွေနဲ့မနက်ဖြန်ဆိုတာကြီး မရှိတော့ရင်

တစ်နေ့ ကျနော်တို့တွေဝေးကွာသွားခဲ့ရင်
ဒါမှမဟုတ်

ကျနော်တို့တွေ ပျောက်ဆုံးသွားခဲ့ကြရင် ..........

" Lost In "

ကျနော်က Seoul အထက်တန်းကျောင်းက Park Jimin

အများနဲ့မတူပဲ ထူးခြားတဲ့ဖြစ်တည်မှုကြောင့် ကျောင်းမှာ နာမည်ကြီးပေမယ့်
ထိပ်တန်းလူချမ်းသာစာရင်းဝင် ကျနော့်အဖေ Park Seung Jae ကတော့ ဘဝင်မကျ

ဘဝင်မကျဆိုသလို ကျနော်က မကြာသေးခင်ကမှ comes out လုပ်ထားတဲ့ ဆယ်ကျော်သက်တစ်ယောက် ကို ဗျ

ကျောင်း၏ တည်ထောင်သူက ဖခင်ဖြစ်လို့
နောက်ဆုံးပေါ်ပြိုင်ကားအနီလေးကို ကျောင်းဝင်းအတွင်းစည်းကမ်းမဲ့မောင်းနှင်လာရင်း သတ်မှတ်နေရာတွင်ရပ်လိုက်သည်

နဖူးပေါ်အုပ်ကျနေတဲ့ ပန်းရောင်ဆံသားတို့ကိုသပ်တင်လိုက်ကာ ဘေးဘီတစ်ချက်ကြည့်မိသည်
ဖြူအုနေတဲ့အသားအရည်ပေါ်တစ်စွန်းတစ်စထင်နေတဲ့ ဆေးမှင်ကြောင်တစ်ချို့ ကလည်း မနာလိုစရာကောင်းအောင်ပင်
ဝင့်ဝင့်ကြွားကြွား
Gym အနည်းငယ်ဆော့ထားလို့ ကျစ်ကျစ်လစ်လစ်ရှိလှတဲ့ကောင်ငယ်လေးဟာ ဆယ်ခြောက်နှစ်သားဆိုပေမယ့် နှစ်လိုဖွယ်ပါးဖောင်းဖောင်းလေးတွေကြောင့် သူဟာ ငါးနှစ်သား အသွင်

ငါးနှစ်သားဆိုလို့အထင်တော့မသေးစေလို
ဖြစ်တည်မှုအကြောင်းချပြ ဝန်ခံပြီးဖြစ်သော်လည်း ပျိုတိုင်းကြိုက်နှင်းဆီပန်းလေးအဖြစ် နှစ်တိုင်းဗိုလ်စွဲနေတုန်းပင်
မိဘဂုဏ်အရှိန်အဝါကြောင့်ရော ရုပ်ခံလေးကြောင့်ပါ
သူဟာ ကျောင်းရဲ့အချစ်တော်လေး တစ်ဦးပါ

You've reached the end of published parts.

⏰ Last updated: Apr 01, 2023 ⏰

Add this story to your Library to get notified about new parts!

Ko KoWhere stories live. Discover now