Secret Romance

190 18 0
                                    

မနက်ဖြန်အပြီးအပ်ပေးရမည့် Project ဖြစ်တာကြောင့်ညဥ့်နက်တဲ့အထိအလုပ်စားပွဲမှာထိုင်ကာ Laptop တစ်လုံးနှင့်မျက်နှာအပ်ထားမိသည်
ထိုတွင်မှ သူ၏အသည်းညှာလေးဖြစ်သောကောင်လေးမှာမူ laptop ရှိရာသို့မျက်နှာမူကာသူ့ပေါင်ပေါ်တွင်ခပ်လျောလျောအနေအထားဖြင့်ရှိနေပြန်သည်

သူ့ဟာနဲ့သူဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေပေမယ့် ရင်ခွင်ထဲရောက်နေတဲ့ကောင်လေးရဲ့ခေါင်းကိုကျော်ပြီးကြည့်မှ Laptop Screen ကိုမြင်ရသည်မို့နည်းနည်းတော့စိတ်အိုက်စရာဖြစ်ရသည်

"ကိုကို.... ထယ်ယောင်းကပြောတယ်
ကျနော်နည်းနည်းဝလာတယ်တဲ့
အဲ့တာအမှန်ပဲလား "

အဲ့သူ့စကားကြားမှ ပေါင်ပေါ်ထိုင်နေတဲ့ကောင်လေး၏အလေးချိန်ကိုပြန်စမ်းစစ်ကြည့်မိသည်

တက်သစ်စမင်းသားဂုဏ်ပုဒ်နှင့်အညီ အရာရာအားလုံးကိုဂရုစိုက်ရပေမယ့် သဲငယ်က အခုတစ်လော ထမင်းစားကောင်းနေတာတွေ့တော့လည်း မတားရက်

ဒါကြောင့် အရင်ကထက်စာရင်တော့နည်းနည်းနင့်လာသလို

' မဝပါဘူး ကလေးရာ '

" ကိုကို.... ကျနော် ဒီတစ်ခေါက်ပြဇာတ်အတွက်
အဆင်မပြေရင်ဘယ်လိုလုပ်မလဲ "

' နောက်တစ်ခေါက်ထပ်ကြိုးစားပေါ့
သဲငယ်ရယ် '

ပေါင်ပေါ်မှာထိုင်နေရာမှ ဆတ်ခနဲထကာ ကုတင်ပေါ်တွင် မှောက်ရက်ကလေးသွားနေပြန်တယ်


စိတ်​ကောက်သွားလေသလားဟု တစ်ချက်သာလှည့်ကြည့်တော့
အခြေအနေကောင်းသည်မို့ screen ဆီကိုသာပြန်စိတ်နှစ်ထားလိုက်သည်

တစ်ဖန် တီးတိုးရွတ်သံအသေးလေးကိုကြားမိလို့ လှည့်ကြည့်တော့ ညဈေးတန်းကဝယ်လာတဲ့ ကြောင်နားရွက်ဘီးကုပ် လေးကို ခေါင်းမှာပန်ပြီး ကုတင်ပေါ်မှာ မတ်တပ်ရပ်ကာ towel အကြီးကြီးကိုခြုံထားသည်

ကျနော်ရှိရာသို့လှည့်ရင်း ဆံပင်အုပ်အုပ်လေးတွေကိုလက်တစ်ဖက်ဖြင့်ခါထုတ်လိုက်ကာ သူ့ကိုယ်သူမင်းသားလေးလိုပြုမူပြန်တယ်

Ko KoWhere stories live. Discover now