"Khun Wichapas!!! Khun Wichapasလို့ ထအုံးလို့!!!!!"
မနက်စောစောစီးစီး အသံစူးစူးနဲ့အော်နေတဲ့သူကြောင့် Bibleအိပ်ယာထဲက လူးလိမ့်ပြီးထရတော့သည် မထလို့လည်းမရ ကိုယ်တော်လေးက အမြင့်သံကိုသုံးပြီး အသားကုန်အော်နေတာလေ ဆက်အိပ်နေရင် နားဆေးခန်းသွားပြရလိမ့်မယ်
ထထိုင်လိုက်ပြီး ခုတင်ခြေရင်းက ခါးထောက်ပြီးရပ်နေတဲ့သူကို ဘာလဲဆိုတဲ့အထာနဲ့ မေးဆတ်ပြလိုက်သည်"မနက်စာဘာမှမရှိဘူးလေ အဲ့ဒါသွားဝယ်ရမယ် ဆိုင်ကယ်ပဲရှိတာ ငါဆိုင်ကယ်မစီးတတ်ဘူး မင်းလိုက်ပို့ပေးရမယ်"
"အစောကြီးရှိသေးတာကို"
"ဟ ငါဗိုက်ဆာနေပြီလေ မြန်မြန်ထပြီး ရေချိုးမျက်နှာသစ်တော့ ငါအဝတ်အစားလဲထားနှင့်မယ် မြန်မြန်နော် ငါဗိုက်အရမ်းဆာနေပြီ"
"အင်းအင်း"
ဘိုင်ဘယ် ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်သွားတိုက်ပြီးတာနဲ့ ရေပါတစ်ခါတည်းချိုးလိုက်သည် ပြီးလို့ထွက်လာတော့ အခန်းထဲမှာ သာလိကာလေးကမရှိတော့ အဝတ်အစားကိုမြန်မြန်ယူဝတ်လိုက်ပြီး အောက်ထပ်ကိုဆင်းလာခဲ့လိုက်တော့ တွေ့ပါပြီ ဧည့်ခန်းထဲမှာ ထိုင်စောင့်နေတဲ့ သာလိကာလေးကို အဖြူရောင်ဝမ်းဆက်နဲ့သာလိကာလေးက နှင်းလုံးလေးအလား လုံးတုံးလုံးတုံးလေးနဲ့ နှုတ်ခမ်းပါးလေးတွေက နဂိုကမှခပ်ရဲရဲလေးကိုမှ ဆေးရောင်ပါးပါးလေးထပ်ဆိုးထားတော့ နီစွေးစွေးနဲ့ပန်းသီးစိတ်လေးအလား ပုံသွင်းထားတဲ့ဆံပင်လေးက ဘေးနားလေးတွေကိုကော့ထွက်နေတာများ အရည်ကြည်လဲ့နေတဲ့ မျက်ဝန်းလေးတွေနဲ့လိုက်ဖက်စွာလှနေသည် နှာတံမြင့်မြင့်လေးကတော့ မျက်နှာပေါ်က ပြီးပြည့်စုံဆုံးအစိတ်အပိုင်းတစ်ခုပင် ပါးမို့ရဲရဲလေးတွေတော့ ဆီးနှင်းကြားက ပန်းလေးတစ်ပွင့်လို အဟက် ဒီလိုပြီးပြည့်စုံတဲ့လူသားလေးက ငါ့အပိုင်....
YOU ARE READING
You, Me And The Old House ( Ongoing )
Fanfictionလူကြီးမိဘတွေရဲ့အတင်းပေးစားမှုကြောင့် လက်ထပ်လိုက်ရတဲ့သူနှစ်ယောက်က မိဘတွေအမွေပေးတဲ့ စံအိမ်တော်ကြီးဆီရောက်သွားတဲ့အခါ......... ဘာတွေဆက်ဖြစ်ကြမလဲ...... အချိန်အတော်ကြာလူမနေခဲ့တဲ့စံအိမ်ထဲမှာ ဘာတွေရှိနေမလဲ...... Introvertကြီးနဲ့ စွာတေးလန်လေးနဲ့ ဘယ်လိုနှစ်ပ...