(A/N. ဒီ ficလေးက SunshineBuild303 သာသာအတွက် Birthdayအကြို presentလေးပါ မွေးနေ့ကရောက်ဖို့လိုသေးပေမယ့် ခုကတည်းက လက်ဆောင်ကြိုပေးလိုက်တယ်နော် သူငယ်ချင်းလို အမလို နွေးထွေးပေးတဲ့အတွက် အရမ်းကျေးဇူးတင်ရပါတယ် အမြဲတမ်းသူငယ်ချင်းကောင်းတွေ ညီအမကောင်းတွေဖြစ်သွားကြမယ်နော် ကလေးငယ်ကို အတူတူဆက် supportပေးသွားကြမယ်နော် 💙🌼)
"သားရေ BuiBuiရေ ထွက်လာတော့လေ ဧည့်သည်တွေအကုန်စုံနေပြီ သူတို့သားလည်းရောက်နေပြီ"
"........"
"သားသား ကြားလား မြန်မြန်နော် ထွက်ခဲ့တော့နော်"
ဂျောက်....
ပွင့်လာတဲ့တံခါးနဲ့အတူ ပေါ်လာတဲ့စူပုတ်ပုတ်မျက်နှာလေးက ချစ်စဖွယ်အတိ
"အောင်မလေး မယ့်ရဲ့သားလေးကချစ်ဖို့ကောင်းလိုက်တာ ကြည့်ပါအုံး wedding suitလေးနဲ့ချောမောနေလိုက်တာ နတ်သားလေးကျနေတာပဲ"
"မယ့်....မင်္ဂလာမဆောင်ချင်ပါဘူးဆို Buiတစ်ခါမှ မမြင်ဖူးတဲ့သူနဲ့ လက်မထပ်ချင်ပါဘူး"
"ခုပဲ မင်္ဂလာအချိန်ကရောက်နေပြီ အဲ့ဒါတွေမပြောနဲ့တော့ မယ့်တို့က သားကောင်းဖို့စီစဉ်ပေးရတာပါ"
"ဟွန့်"
"ကဲလာလာ ဟိုမှာစောင့်နေကြပြီလာ"
မယ့်ခေါ်တဲ့နောက်ကို Buiယက်ကန်ယက်ကန်နဲ့ ပါသွားတော့သည် တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်ကို လက်မထပ်ချင်ပါဘူးပြောနေတာကို မယ့်တို့က ဇွတ်စီစဉ်တယ် အဲ့လူကြီးက ရုပ်ဆိုးဆိုးသွားခေါခေါကြီးဆို ဘယ်လိုလုပ်မလဲ Buiနုနုထွတ်ထွတ် လူပျိုဘဝလေးကို ပက်ကြားအိုဇီးသီးခြောက်ရဲ့ လက်ထဲမှာအနစ်မွန်းမခံနိုင်ပါဘူး ကယ်ကြပါ အားတဲ့ဘုရား ကျေးဇူးပြုပြီးဆင်းကယ်ပေးကြပါ......Bui ဖော့ရဲ့လက်မောင်းကိုကိုင်ကာ ပန်းခင်းထားတဲ့လျှောက်လမ်းတစ်လျှောက် ခေါင်းကိုငုံ့ထားကာ လျှောက်လာခဲ့လိုက်သည် Buiမကြည့်ရဲဘူး အရမ်းတွေစိတ်လှုပ်ရှားနေသလို စိုးလည်းစိုးရိမ်နေမိတယ် တကယ်ပါ ဘုရားစူးရပါစေ သူသာရုပ်ဆိုးဆိုးစပျစ်သီးခြောက်ရုပ်မျိုးဆို Buiမင်္ဂလာပွဲက ထွက်ပြေးပစ်မှာ နောက်ဆုံးတော့ Buiသူ့ရှေ့မှာ မျက်နှာချင်းဆိုင်အနေအထားနဲ့ရောက်သွားပြီ မြင်နေရတဲ့ ခြေထောက်ကြောင့် Buiရင်ခုန်သံတွေတောင် မြန်လာပြီ ဘုရားဘုရား ဘုရားဘုရား ငါတကယ်ကြီး လက်ထပ်ရတော့မှာပါလား ဂလု
YOU ARE READING
You, Me And The Old House ( Ongoing )
Fanficလူကြီးမိဘတွေရဲ့အတင်းပေးစားမှုကြောင့် လက်ထပ်လိုက်ရတဲ့သူနှစ်ယောက်က မိဘတွေအမွေပေးတဲ့ စံအိမ်တော်ကြီးဆီရောက်သွားတဲ့အခါ......... ဘာတွေဆက်ဖြစ်ကြမလဲ...... အချိန်အတော်ကြာလူမနေခဲ့တဲ့စံအိမ်ထဲမှာ ဘာတွေရှိနေမလဲ...... Introvertကြီးနဲ့ စွာတေးလန်လေးနဲ့ ဘယ်လိုနှစ်ပ...