Dangerous Zone (1)

10.1K 655 122
                                    

ဂျီမင်သည် အထက်တန်းတတိယနှစ် Aခန်းမှ လူဆိုးများအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ ထို အဖွဲ့၏ နာမည်သည် Eighteen...။တစ်ကျောင်းလုံးက သူ့အားမြင်သည်နှင့် တုံအောင်ကြောက်ကြသည့်အပြင် သူနဲ့မဆုံအောင် ရှောင်ကြလေ့ရှိသည်။ ယောင်္ကျားလေးအချင်းချင်းပင် မြင်လျှင် ရှိန်ရလောက်တဲ့အထိ အရှိအဝါကြီးသူဖြစ်သည်။

"ဟျောင့်တွေ..ငါရုံးခန်းထဲမှာ ကျောင်းသားသစ်တစ်ယောက်တွေ့ခဲ့တယ်။ ကြည့်ရတာ ကျောင်းပြောင်းလာတာ ထင်တယ်"

ဂျီမင် ၏ နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွှတ်သွားပြီးနောက် သူ့မျက်နှာ အေးစက်စက် အပြုံးတစ်ခုချိတ်ဆွဲလိုက်သည်။

"ကြည့်ရတာ အရုပ်လေးတစ်ရုပ် ထပ်ရတော့မယ် ထင်တယ်.."

"ဟျောင့်...အဲ့တစ်ယောက် ပုံစံက တကယ့်ကို ရယ်ချင်စရာကြီး..ငါပြန်မြင်ယောင်ရင်း ရယ်ချင်လာပြီ ဟား...ဟားးး"

စားသင်စားပွဲပေါ် ထိုင်ကာ တဟားဟားအော်ရယ်နေသည့် သူက ထယ်ယောင်း။ သူက ဂျီမင့်ရဲ့ ငယ်သူငယ်ချင်း..။ Eighteen အဖွဲ့ရဲ့ ဒုတိယမြောက် လူဆိုးကောင်လေး ဖြစ်သည်။ အညိုနုရောင် အသားအရည်နဲ့ box smile လေးက သူရဲ့အသက်ပင်။ ဆံပင်က ခပ်ကောက်ကောက် ပွယောင်းယောင်းနဲ့ အမြဲတမ်း နက်တိုင်ကို လျော့ထားကာ ကျောင်းဝတ်စုံအား ပုံမကျစွာ ဝတ်တတ်သူဖြစ်သည်။ Eighteen လို့ အဖွဲ့နာမည်ပေးထားရတဲ့ အကြောင်းကတော့ သူတို့သုံးယောက်လုံးက ၁၈ပြည့်ပြီးပြီ ဖြစ်တာကြောင့်ဖြစ်၏။

"အေး ဆက်ရယ်နေလိုက်..."

Cola ဘူးကို ထယ်ယောင်းကို ပစ်ပေးပြီး ခုံပေါ် ပစ်ထိုင်လိုက်သူက ဂျောင်ဟိုဆော့။ သူက eighteen အဖွဲ့ရဲ့ တတိယမြောက် လူဆိုးကောင်လေး ဖြစ်သည်။ သူတို့သုံးယောက်၏ ပုံပန်းသဏ္ဍာန်ဟာ သိပ်ကို ချောမောကြပေမယ့် စရိုက်လေးတွေကတော့ ခပ်ဆိုးဆိုး...။ သူတို့ရဲ့ မျက်စိရှေ့ထောင့်မကျိုးဘူးဆိုရင် ထိုသူဟာ နောက်နေ့ သူတို့အရုပ်ဖြစ်‌ပြီ။ အနိုင်ကျင့်တယ်၊ ပစ္စည်းတွေ ဝယ်ခိုင်းတယ်၊ ကျွန်လို ခိုင်းစေတယ်၊ ခိုင်းသမျှ လုပ်ခိုင်းတယ်။ သို့ပေမယ့် မိန်းကလေးများကိုတော့ bullyမလုပ်...ထို့အတူ အရေးလည်း မစိုက်။

Dangerous Zone (Completed)Where stories live. Discover now