Dangerous Zone (3)

5.5K 516 14
                                    

"ဟိုဆော့၊ ဟိုကောင်နဲ့ နီးနီးကပ်ကပ် မနေနဲ့ ငါမကြိုက်ဘူး"

"ညီအစ်ကိုတွေပါဆိုကွာ"

"အဲ့ကောင်က မင်းအပေါ်ရိသဲ့သဲ့နဲ့"

ထယ်ယောင်းအလိုမကျဖြစ်ချင်လည်း ဖြစ်စရာပဲ။ ဂျွန်ဂျောင်ဂုက အနားမှာ ဝေ့လည်ဝေ့လည်နဲ့။ ကိုယ်ကလည်း မကြာခဏ ပူးပူးကပ်ကပ် နေနေမိတာ။ ဂျွန်ဂျောင်ဂုရဲ့ အကျင့်က အဲ့လိုပဲ။ ညီအစ်ကို တစ်ဝမ်းကွဲတွေမို့ သူလည်းကျွန်တော့်အပေါ် ရိုးသားပြီး ကျွန်တော်လည်း သူ့အပေါ် ရိုးသားတာကို အချင်းချင်းသိပြီးသား။ ဘယ်လိုပဲ ဖြစ်ဖြစ် ထယ်ယောင်း စိတ်ထဲ ထင့်သွားတာကိုတော့ မလိုချင်ဘူး။ ဒါကြောင့် ဂျောင်ဂုနဲ့ စကားပြောဖို့ ဆုံးဖြတ်လိုက်တယ်။

"ဘာကိစ္စ"

"ငါနဲ့ဝေးဝေးနေ"

"ဘာလဲ မတော်ရသေးတဲ့ဘဲက သဝန်တိုနေလို့လား"

"ဟျောင့်! မင်းစကားကို ထောင့်ကျိုးအောင် ပြောစမ်းပါ"

"ဘာလဲ ငါက မင်းကို ဖက်တာတို့၊ နီးနီးကပ်ကပ်နေတာတို့ဆို သူက မနေနဲ့၊ မကပ်နဲ့ ဘာဖြစ်တယ် ညာဖြစ်တယ် ပြောလို့လား"

ပြောရင်းနဲ့ အနားကို တိုးလာပြီး ပုခုံးကို လာဖက်ပြန်တယ်။ ဒီကောင်က တကယ်အကြောတင်း..။

"ကင်မ်ထယ်ယောင်းမျက်လုံးကသာ လေဆာတွေထွက်ရင် ငါ့နောက်ကျော ပေါက်နေလောက်ပြီ"

ကျွန်တော်နောက်လှည့်ကြည့်လိုက်တော့ ဂျောင်ဂုပြောတဲ့ အတိုင်း ထယ်ယောင်းက မလှမ်းမကမ်းကနေ ကျွန်တော်တို့ကို စူးရဲစွာစိုက်ကြည့်နေတယ်။

"အဲ့ဒါကြောင့် ဝေးဝေးနေစမ်းပါကွာ.."

"မင်းသူနဲ့ ဒီလိုပဲ ဆက်နေချင်လို့လား"

"အင်း"

"သတ္တိကြောင်လိုက်တာ"

"Fri zone ထဲက ရုန်းထွက်ရတာ ကြောက်ဖို့ကောင်းတယ်။ ငါမလုပ်ချင်ဘူး"

"ဒါဆို ကင်မ်ထယ်ယောင်း သူများနောက်ပါသွားရင် ဘယ်လိုလုပ်မလဲ"

ဟိုဆော့က တွေဝေသွားတယ်။ သူအဝေးကို ငေးကြည့်နေရင်း..

"ငါတို့ ဆက်ဆံရေးပြတ်တောက်သွားတဲ့အခါကြရင် အရင်လို ပြန်ဖြစ်နိုင်တော့မှာ မဟုတ်ဘူး"

Dangerous Zone (Completed)Where stories live. Discover now