1/3

5.6K 369 47
                                    


"တော်တော့ !!! တော်တော့ !!
ငါတကယ် ဒေါသထွက်လာပြီ မင်းပါးစပ်ကို အခု
ပိတ်လိုက်တော့ Kim Jongin!"

ည ၁၁ နာရီအချိန်တွင် ဆယ်ဟွန်းနဲ့ဂျုံအင်ရဲ့ အခန်းထဲမှ
ထွက်လာသော အသံကြောင့် ဂျီဝန်းနဲ့ဂျွန်ဆော့သည်
ဂိမ်းဆော့နေရင်းမှ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်မိသွားကြသည်။

"ရန်ဖြစ်ကြပြီ"

"ဒီတစ်ခေါက်ရော ဘာကြောင့်လဲကွာ"

"ဆယ်ဟွန်းရိုက်မယ့် drama ကြောင့် ဖြစ်ကြတာ။
အဲ့ဒီထဲကမင်းသမီးက အိုဆယ်ဟွန်းရဲ့
အထက်တန်းတုန်းက ex လေ"

"ဟင်"

ဂျွန်ဆော့က တအံ့တဩ ဖြစ်သွားပြီးမှ တခွိခွိရယ်သည်။

ဆယ်ဟွန်းကို အူတိုတတ်လွန်းသည့် ဂျုံအင်
ဘယ်လောက်တောင် ထိုင်မရ ထမရဖြစ်နေမယ်မှန်းကို
မှန်းကြည့်လို့ရတာကြောင့် ရယ်လည်းရယ်ချင်သလို
ဂရုဏာလည်း သက်မိရ၏။

ငယ်စဉ်ကတည်းကပေါင်းလာခဲ့ကြသည့်
သူငယ်ချင်းလေးယောက်ရှိသည့်အနက် ဆယ်ဟွန်းကပဲ
Entertainment လောကထဲ ရောက်သွားကာ
နာမည်ကြီးသည့် သရုပ်ဆောင်မင်းသားတစ်ယောက်
ဖြစ်လာခဲ့သည်။

ဂျုံအင်ကတော့ Seoul National university ,
Biochemistry Major တွင် တက်နေပြီး
ဂျွန်ဆော့နဲ့ ဂျီဝန်းကတော့ cafe တစ်ခုကို စပ်တူဖွင့်ထားပြီး ဦးစီးနေကြသည်။

ဂျုံအင်နဲ့ ဆယ်ဟွန်း ချစ်သူတွေဖြစ်ခဲ့တာက
သူတို့ အထက်တန်းအောင်စာရင်းတွေ
ထွက်ခဲ့တဲ့နေ့ကတည်းကပင်။ အစကတည်းက ကြောင်နဲ့ ကြွက်လိုမတည့်အတူနေ နှစ်ယောက်က တွဲဖြစ်သွားတာ
ကြောင့် ဂျွန်ဆော့နဲ့ ဂျီဝန်းအံ့ဩခဲ့ရခြင်းဖြစ်သည်။

သို့သော် တွဲပြီးသည့်အချိန်၌လည်း ထိုနှစ်ယောက်က
တကျက်ကျက်ပင်။ ၂၄ နာရီမှာ သူတို့နှစ်ယောက်
ကြည်နူးနေသည့်အချိန်က ၄ နာရီရှိမည်ဆိုလျှင်
ရန်ဖြစ်နေသည့် အချိန်က နာရီ၂၀ လောက်ရှိသည်။

အခုဆိုရင် အိုဆယ်ဟွန်းက တဖြည်းဖြည်း နာမည်ရလာပြီး အမြင့်တန်းဝင်သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့တာကြောင့် အချိန်ဆိုသည်မှာလည်း ရှားပါးလာကာ
မျက်နှာမြင်ရဖို့ပင် ခက်ခဲလာသည်။

Getting Back With An ExWhere stories live. Discover now