"ဂျုံအင် မင်းနဲ့ဆယ်ဟွန်းက .."
"ဘာလို့လာပြောနေသေးတာလဲ။ ပြတ်သွားတာကြာပြီ"
သူတို့စကားကိုပင် အဆုံးမခံ၊
လေသံခပ်ဆတ်ဆတ်နဲ့ ပိတ်ပြောသွားသောကြောင့်
ဂျီဝန်းနဲ့ဂျွန်ဆော့သည်လည်း တစ်ယောက်နဲ့တစ်ယောက် မျက်နှာရိပ် မျက်နှာကဲ ပြကာသာ ငြိမ်နေလိုက်ရတော့၏။ဒီတစ်ခေါက်တော့ တကယ်များ လမ်းခွဲလိုက်ကြသည်လားမသိ။ဂျုံအင့်ပါးစပ်မှ ဆယ်ဟွန်းအကြောင်း
မပြောတာ လချီကြာနေပြီဖြစ်ပြီး ဆယ်ဟွန်းကလည်း
သူတို့ဆီကိုပင် မလာတော့၍ တီဗီဖန်သားပြင်နဲ့ ph screen ပေါ်မှလွဲ ဆယ်ဟွန်းရဲ့ မျက်နှာကိုပင်မတွေ့ရတာ ကြာခဲ့ပြီ
ဖြစ်၏။ဒီကြားထဲတွင် ဆယ်ဟွန်းနဲ့ ဂန်ဆူအာ၏ ရိုက်ကွင်းမှ
ဓာတ်ပုံများသည်လည်း ကြိုကြားကြိုကြားဆိုသလို
တက်လာတတ်ပြီး ဇာတ်ကားပင်လျှင် နောက်နှစ်ထဲမှ
ထုတ်လွှင့်တော့မည်ဖြစ်သည်။ဒီတစ်ခါတော့ သူတို့အရင်ရန်ဖြစ်ကြတဲ့ အခေါက်များလို
အိုဆယ်ဟွန်းက ဂျုံအင့်ကို အလျှော့မပေးတော့ဘူးထင်ပါသည်။ဂျီဝန်းနဲ့ ဂျွန်ဆော့ကတော့ သူတို့ဒီလိုဖြစ်နေတာကို
မကြိုက်။ သူငယ်ချင်းလေးယောက်တည်းသာရှိသည်ဖြစ်၍ ဒီလို အနေရခက်မည့် ကိစ္စမျိုးတွေမရှိစေချင်ဘဲ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးသာနေချင်ကြသည်။ဂျုံအင်နဲ့ ဆယ်ဟွန်းက တစ်ယောက်ကိုယ်တစ်ယောက်
ချစ်တာမှန်ပေမဲ့ တစ်ခါတလေတော့လည်း
ကျောချင်းကပ်ပြီးဝေးနေသည့် ၃ နဲ့ ၄ လိုမျိုး
သူတို့နှစ်ယောက်၏ အတွေးတွေက ညှိယူဖို့
ခက်ခဲလွန်းသည်။ဒါကိုလည်း ဂျီဝန်းတို့လို အပြင်လူတွေပင် မြင်မိပါရဲ့။
~~~~~~~~~
ကျောင်းသွားရန် Bus ကားစီးရာတွင် ခုံနေရာရသဖြင့် ဝင်ထိုင်လိုက်ပြီး ဖုန်းကိုထုတ်ကြည့်လိုက်သည်။
Screen တွင် message တစ်စောင်ဝင်နေသဖြင့် ဂျုံအင့်ရဲ့
ရင်ထဲ လှပ်ခနဲ တစ်ချက်အေးသွားသလို ခံစားလိုက်ရပေမဲ့
မှားယွင်းကာ မျှော်လင့်မိနေသည်သာဖြစ်ကြောင်း သိသွားရသည့်အခါတွင်တော့ သူ့ရဲ့ မနက်ခင်းတစ်ခုလုံး
အကျည်းတန်သွားခဲ့ပါသည်။