-𝟣𝟣

142 10 0
                                    

Zawgyi

⬡⬫⬡⬫⬡

ညနေစောင်းအချိန် ဖြစ်သည့်အတွက် တိမ်ပြာပြာတို့ ရိပ်ခိုရာ မိုးသားကောင်းကင်ကြီးမှာ မှိုင်းပြပြလေးနှင့်။ ကျီကျီကျာကျာ အော်မြည်နေသော ကျေးငှက်သာရကာများလည်း အိပ်တန်းတက်ဖို့ရာ လုံးပန်းနေကြလေသည်။ ဖြေးဖြေးမှန်မှန် စီးဆင်းနေသော စမ်းရေစီးသံ တသွင်သွင်မှာ သိမ်သိမ်မွေ့မွေ့နှင့် သာယာနာပျော်ဖွယ်ကောင်းလျက် ငြိမ်းချမ်းကြည်လင်ကာ သဘာဝ၏ အကောင်းဆုံး တေးသွားသံစဉ်လေး ဖြစ်နေချေတော့သည်။

စမ်းချောင်းမှာ အတန်ငယ်သေး၏။ ကမ်းစပ်တွင်တော့ အရွယ်အစား မညီသည့် ကျောက်တုံးများနှင့် အရွယ်ကြီးသော ကျောက်စရစ်ခဲများမှာ အလွန်များပြားလှကာ ၎င်းတို့၏ ချစ်စရာကောင်းစွာ တည်ရှိနေမှုသည် စမ်းချောင်းငယ်၏ အလှဂုဏ်ကို ပိုမိုဝင့်ထည်သွားစေ၏။ ဘေးနားတွင် ထိုင်နေသော ဖေးယွီသည် ကျောက်စရစ်ခဲ သေးသေးပိစိလေးများကို ရွေးရှာနေကာ စမ်းချောင်းထဲသို့ လှမ်းပစ်၍ ဆော့ကစားနေသည်။ ပြောရမယ်ဆို ဒီတစ်ညနေလုံး သူတို့နှစ်ဦး မြက်ခင်းများကြား လူးလှိမ့်နေခဲ့ခြင်းပင်။

"ပြန်ရောက်ရင် ရေပြန်ချိုးရတော့မယ်"

"ငါလည်း ချိုးရမှာပဲ .. မြက်တောထဲ လှိမ့်ထားတာ .. မဟုတ်ရင် ယားနေလိမ့်မယ်"

ချန်ဖေးယွီ စမ်းချောင်းထဲ ကျောက်စရစ်ခဲတစ်ခု လှမ်းပစ်လိုက်ရင်း ပြောလိုက်သည်။ အစိုင်အခဲ၏ သက်ရောက်မှု အားတစ်ခုကြောင့် ရေမျက်နှာပြင် ပွက်ပွက်ထ၍ လှုပ်ခတ်သွားပုံက ဘာရယ်မဟုတ် စိတ်ကျေနပ်စရာ ကောင်းနေ၏။

"ချန် .."

"အင်း .. ဘာပြောမို့လဲ ယွင်"

သူ ယွင်ရှီးအား လှည့်ကြည့်လိုက်သည်။ ထိုသူကလည်း သူ့ဘက် ခေါင်းလှည့်လာကာ မျက်ဝန်းတည့်တည့်ထံ ငေးစိုက်ကြည့်လာသည်။

"မင်းသိတယ်မလား .. ဒါတွေအားလုံးက ငါ့အတွက် ပထမဆုံးဆိုတာလေ .. မင်းနဲ့ အတူရှိနေရတဲ့ အချိန်တိုင်းက အရမ်းအရမ်းကို အဖိုးတန်တယ် .. ကုန်ဆုံးသွားမှာကိုလည်း တအားကြောက်မိတယ်"

𝐓𝐚𝐤𝐞 𝐌𝐞 𝐃𝐞𝐞𝐩𝐞𝐬𝐭 ⎣𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝⎤Where stories live. Discover now