-𝟨

146 21 3
                                    

Zawgyi

⬡⬫⬡⬫⬡

နေဝင်ချိန် အလှတရားကို ငေးရှုခံစားနေသူသည် တစ်ဖက်နားတွင်လည်း အပြာရောင် Airpod လေးဖြင့်။ လိမ္မော်ဆိုးသော ဆည်းဆာရောင်သည် သက်တမ်းရင့် မြက်ခင်းပြင်ပေါ် ခြေဆန့်လျက် တစ်ချောင်းပေါ် တစ်ချောင်းထပ်ကာ လက်တို့ နောက်ပစ်ထောက်ထားပြီး လှပသော မြင်ကွင်းကို ပြုံးတုံ့တုံလေး မွေ့လျော်နေသူထံ ရက်ရက်ရောရော ကြွေဆင်းပေးနေသည်။

သူ ဟိုရက်တုန်းက ယွင်ရှီးကို ရင်ခုန်သွားမိခဲ့တာ တကယ်ပင်။ သူက မနူးမနပ် ဆယ်ကျော်သက် ပေါက်စနအရွယ်လည်း မဟုတ်တော့ရာ ခံစားချက် အမျိုးအစားကို ကောင်းစွာခွဲခြားတက်ပြီး ဝေခွဲမရ ဖြစ်နေမည့်သူ မဟုတ်။ သို့သော် ၎င်းရင်ခုန်မှုသည် ဇာတ်ကား၏ သက်ရောက်မှုကြောင့် ရုတ်တရက် ယောင်ယောင်မှားမှား ဖြစ်တည်လာသည့် ဆန်းကြယ်မှု တစ်ခုသာ။ ခဏတာ စိတ်ယိုင်မှု ဖြစ်သည့်အတွက် ထိုကိစ္စအပေါ် အရမ်းကြီး အလေးအနက်ထား တွေးခေါ်မနေဘဲ ပေါ့ပေါ့ပါးပါး နေလိုက်ရာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

သို့ရာတွင် ထိုကဲ့သို့ ဆိုပါသော်ငြား ၎င်းက ယွင်ရှီး သူ့အနား မရှိနေလျှင်ဖြစ်၏။ ထိုညနေခင်းပြီး နောက်ရက်များ၌ ထိုသူ့ကို တွေ့လိုက်ရသည်နှင့် စိတ်ထဲမှ ကျေနပ်မှုတစ်ခုကို ခံစားရပြီး၊ ၎င်းကျေနပ်မှုထဲ ပျော်ရွှင်မှုများလည်း ကပ်ငြိပါကာ၊ ဘယ်ဘက်ရင်အုံမှ တုန်ခါမှု လှိုင်းငယ်လေးများ၏ လှုပ်ရှားနှုန်းသည် မသိမသာရော သိသိသာသာပါ မြင့်တက်လျက်။

ချန်ဖေးယွီ ဘေးတိုက်မြင်နေရသည့် ခပ်မော့မော့ မျက်နှာလေးကို ငေးမောနေရင်း အဖြေရှာနေမိသည်က ထိုသူ၏ ဘာကများ သူ့ကို ရင်ခုန်လာအောင် ပြုစားနိုင်နေလဲဆိုသည်။

အထက်သို့ တက်သွားသည့် ဒဏ္ဍာရီဆန်ဆန် မျက်ခုံးနက်များပေလား။ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ညှို့ယူဖမ်းစားနိုင်ပြီး အနက်ရှိုင်းဆုံး ပိတ်သိမ်းထားပစ်နိုင်သော မျက်ဆန်ဝိုင်းများ ခိုလှုံရာ မက်မွန်ပွင့် မျက်သွယ်များပေလား။ ထင်ရှားချွန်မြသော မေးရိုးသည် ယောင်္ကျားဆန်သည့် အင်္ဂါရပ်များထဲမှ တစ်ခုဖြစ်ပြီး ပိရိသေသပ်သော နှုတ်ခမ်းပါးတွေကပဲ သူ့စိတ်ကို မူမမှန် ဖြစ်စေနိုင်သည်လား။

𝐓𝐚𝐤𝐞 𝐌𝐞 𝐃𝐞𝐞𝐩𝐞𝐬𝐭 ⎣𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝⎤Where stories live. Discover now