"မောင် ကားအသစ်တစ်စီးလိုချင်တယ်ကိုကို"
"ဟင် အခုစီးေနတဲ့ကားက ဟိုတလောကမှ ကိုကိုဝယ်ပေးထားတာလေ မောင်"
"မောင်လိုချင်တာ ပြိုင်ကား..."
"ဟင့်အင်း အဲ့တာတော့ နိုးနော်မောင်"
"ဘာလို့လဲ ကိုကိုရာ မောင် လိုချင်တယ်လို့"
"မရဘူး အဲ့ကားဝယ်ပေးလိုက်ရင် မောင်က အရှိန်ကို
အတိုင်းအဆမရှိမောင်းတာ ပြီးရင် ကားပြိုင်မောင်းတာတွေရောပဲ ကိုကို မကြိုက်ဘူးကွာ""ဒါပေမယ့် ကျတော် ကြိုက်တယ်!"
*ကိုယ့်ကိုကိုယ် ကျတော်လို့ သုံးလိုက်ပုံထောက်ရင်တော့
မောင် စိတ်ဆိုးသွားမှန်း သိသာသည်*"တခြားဟာဆို ကိုကို ငြင်းဖူးလို့လား?"
"တခြားဟာငြင်းရင်လဲ ရတယ် အခုဟာကဝောာ့
ဝယ်ပေးပါလို့ ကိုကိုရာ""လုံးဝပဲ"
"ကိုကို!"
"လာမအော်နဲ့မောင် ကိုကို မင်းထက် ငါးနှစ်တောင်
ကြီးတယ်ဆိုတာလဲ သတိရဦး""အကြီးမလို့ ခွင့်တောင်းနေတာပဲလေ ကိုကိုကမှ
လက်မခံတာ""ကိုကိုက မောင် ထိခိုက်မှာဆိုးလို့လေ"
"ကျတော့်ဘာသာ ထိခိုက်တာ ကိုကိုနဲ့ဘာဆိုင်လို့လဲ"
"ဘာဆိုင်လဲဟုတ်လားမောင်? ကိုကိုက မောင်လက်ထပ်ထားတဲ့ သူနော်"
"ကျတော့်ကို အမြဲတမ်းကလေးလို ဆက်ဆံနေတာ ကြာတော့
တကယ် စိတ်ပြက်လာပြီ""ဘာ စိတ်ပြက်တယိ!?"ကိုကို့ ကိုစိတ်ပြက်တယ်ပေါ့ဟုတ်လားမောင်"
"အဲ့လိုမဟုတ်ဘူး ကိုကို ကျတော်ပြောချင်တဲ့
အဓိပါပယ်က..""မောင်က ကလေးမဟုတ်မှန်း ကိုကိုသိတယ်မောင် ဒါပေမယ့် ကိုကို့အမြင်မှာတော့ မောင်က ကလေးပဲ ကိုကို အမြဲမောင့်ကိုအလိုလိုက်ပေးတယ် မောင်ဆိုးသမျှ ကိုကို ငြိုငြင်ဖူးလား မောင်ကတော့ ပြိုင်ကားတစ်စီးအတွက် ကိုကို့ကို စိတ်ပြက်တယ်လို့ ပြောထွက်တယ်!မောင့်ကို ကိုကို စိတ်ဆိုးလိုက်တာ"
YOU ARE READING
"CEO Kim's Husband"[Complete]
Action"မင်းတို့သိထားဖို့က ဂျွန်ဂျောင်ဂုဆိုတဲ့ အမျိုးသားက ကင်မ်ထယ်ယောင်းရဲ့အပိုင်! *ငါ့အပိုင်နဲ့လာပက်သက်ပီးရင်တော့ မင်းတို့ သွားရမယ့်လမ်းက သေချာပေါက် ငရဲပဲ!