Ep6

233 23 24
                                    

(Unicode )

"ကဲ အားလုံးဘဲထမင်းစားလို့ရပြီ လာကြတော့"

အနှင်းရဲ့ စကားကြောင့် အခုမှအိမ်ထဲဝင်လာကြတဲ့4ယောက်သား အလျှင်အမြန် ဧည့်ခန်းအနောက်ဘက်ရှိ ထမင်းစားခန်းသို့ ပြေးဝင်သွားလိုက်ကြတယ်

"မွှေးနေတာဘဲ ငါမြည်းကြည့်အုံးမယ်"

အမဲသားဟင်းခွက်က ဇွန်းကိုကိုင်ဖို့လက်လှမ်းနေတဲ့ ဂျူးလက်အား အခြားလက်တစ်ဖက်က ရိုက်ချလိုက်တယ်

"နေအုံး နင်လက်အရင်ဆေး အခုမှခြံထဲကတက်လာတာကို"

နှင်းစကားကြောင့် ဂျူက ဆူပုတ်ပုတ်လေးဖြစ်သွားပြီး ဘေစင်ဘက်ကို လျှောက်သွားလေသည်

နှင်းက ကျန်တဲ့3ယောက်ကိုကြည့်၍

"နင်တို့လည်း လက်ဆေးကြ"

"အမလေး ငါတို့အမေကျနေတာဘဲ ဆေးမှာပါ"

အကုန်လုံးထမင်းစားပွဲမှာဝင်ထိုင်လိုက်ကြတော့
"ဟဲ့ မနန်းနဲ့ ဦးစိုင်းကိုခေါ်လိုက်အုံးလေ သူတို့မစားရသေးဘူးထင်တယ်"

နှင်းစကားကြောင့် မင်းခန့်က မျက်မှောင်ကျုတ်၍

"နင်ကလည်း ဘာလို့ခေါ်နေမှာလည်းဟာ"

"သူတို့လည်း ကူလုပ်ပေးထားတာလေ ဒီအချိန်ဆို ဗိုက်ဆာနေမှာပေါ့"

ဂျူးကပါဝင်ပြောလာတာကြောင့်မင်းခန့်လည်း မငြင်းနိုင်တော့ဘဲ

ဂျူးက

"ဒါဆိုငါခေါ်လိုက်မယ်"

"နေနေ..ငါသွားခေါ်လိုက်မယ်"

သဲစုက ချက်ခြင်း စာပွဲဝိုင်းမှထသွားပြီး ခြံထဲကိုဆင်းသွားတယ်

"နှင်း နင့်လက်က ဒဏ်ရာကဘယ်လိုဖြစ်တာလည်း"

မင်းခန့်စကား​ကြောင့်နှင်းက

"အော်..ဒါလား အစောက ကြက်သွန်လှီးရင်းနဲ့ ဓားရှသွားတာ ပြီးရင် ဆေးထည့်လိုက်မယ်"

ကျိန်စာသင့်လက်ပံWhere stories live. Discover now