(Unicode)
ကားစထွက်တာနဲ့ အကုန်လုံးငြိမ်နေပေမယ့် မျောက်လောင်းနှင်းကတော့ မျက်တောင်ကော့နေလေသည်။ပါးစပ်ကလည်း အငြိမ်မနေ....
"ဒါနာနာနာ နာနာအေ ဒါနာနာနာ နာနာအေ"
ဧပရယ်ကတော့ ေခါင်းတစ်ချက်ခါကာ
"အာ့........"
တုန်ခါသွားသောကားနှင့်အတူ နှင်းစီမှအသံကြောင့် အကုန်လုံးအကြည့်က နှင်းစီမှာ
...."ဘာဖစ်တာလည်း...."
မင်းခန့်အမေးကို ဆူပုတ်ပုတ်နဲ့ လှည့်ကြည့်လာတဲ့နှင်းကြောင့်....
"ခွီးးးးးးဟားဟားဟား.."
မင်းခန့်အော်ရီနေပေမယ့် ကျန်တဲ့လူတေကတော့ ကျိတ်သာရီနေသည်။
မျက်လုံးနှစ်ဖက်လုံး အမဲတေကပျံ့ပီး ဆူပုတ်နေတာကြောင့်ဘသူ့မှမရီရဲ။ အကျီကိစ္စနဲ့တင် ဟိုက စိတ်က ကောက်တောက်တောက်ရယ်။
"ရားးး မင်းခန့်အစုတ်ပလုတ် မရီနဲ့..."
"ဆောတီးပါဟယ် ချိုင့်တေနဲ့ မို့လို့.."
ဧပရယ်က ဝင်ပြောတာကြောင့်...
"ဟွန့် ထားလိုက်တော့ သဲစု make up remover ပါရင်ပေးအုန်း..."
သဲစုစီက မိတ်ကပ်ဖျက်ဆေးယူကာဖျက်လိုက်ပီး ငြိမ်ငြိမ်လေးလိုက်လာလိုက်သည်။
ရွာထဲကိုရောက်တော့..
"ဇီးကုန်းရွာတဲ့ ဒါက ငါတို့စံအိမ်နဲ့အနီးဆုံးရွာဘဲ"
ဧပရယ့်စကားကြောင့် ဘေးဘက်က ရှုခင်းတွေကြည့်နေတဲ့ နှင်းက အရှေ့ကိုပြန်ကြည့်လိုက်တော့
"ရွာလေးက တော်တော်ရှေးကျတယ်နော် ဝါးထရံအိမ်တွေဘဲရှိတယ် ငါတို့သာနယ်ဘက်ကို တာဝန်ကျရင် ဒီလိုရွာမျိုးမှာ ကျရင်ကောင်းမှာဘဲနော် သဲစု"
"အေး...."
"ရွာလမ်းက ကျဥ်းတယ်ဟ ငါတို့ကားဝင်လို့မရလောက်ဘူး ဒီမှာဘဲရပ်ခဲ့ရမယ်နဲ့တူတယ်"
YOU ARE READING
ကျိန်စာသင့်လက်ပံ
Terrorစရိုက်မျိုးစုံနဲ့ သူဌေးသမီးလေး၅ယောက် စိတ်၏ ဆန္ဒနောက်လိုက်ရင်း သရဲခြောက်တဲ့ ရှေးဟောင်းအိမ်ကြီး ကို ရောက်ရှိသွားတဲ့အခါမှာတော့ဘယ်လိုသည်းထိတ်ရင်ဖိုစရာကောင်းတဲ့ ဇာတ်လမ်းတေနဲ့ကြုံတွေ့ရမလဲ😏