SCENE I

1.6K 120 2
                                    

SCENE I
(Unicode)

သန့်ရှင်းသပ်ရပ်၍ ဆိတ်ငြိမ်ခြင်းလည်းရှိသော တက္ကသိုလ်စာကြည့်တိုက်အတွင်း ဟန်ပန်အမူအရာအပြည့်ဖြင်​့ ဝင်ရောက်လာပါသော သူ...။ ချောမောလှသော ရုပ်ရည်နှင့် မြင့်မားလှသော အရပ်အမောင်း၊ အချိုးအစားကျနလှသော ကြံ့ခိုင်သည့် ခန္ဓာကိုယ်ရယ်ကြောင့် မိန်းကလေးအများစု၏ တိတ်တခိုးတစ်ဖုံ သိသိသာသာတစ်ဖုံ အကြည့်များက သူ့ထံကျရောက်နေသည်။

" ဟင်း...မရနိုင်တဲ့သူကိုမှ ငေးမိပြန်ပြီ "

မိန်းကလေးတစ်ဦး၏ ထိုသို့ တီးတိုးရေရွတ်သံက သူ့ကိုပြုံးမိစေသည်။ ထိုမိန်းကလေးတင်မဟုတ် သူကိုယ်တိုင်လည်း ရဖိုဖို့ခက်သည့်သူကို ငံ့လင့်နေရသည်မို့ တိုက်ဆိုင်စွာပြုံးမိခြင်းပင်။

သူ့လို ပျိုတိုင်းကြိုက် နှင်းဆီတစ်ခိုင်ကို ကျရှုံးအောင်ပြုစားရက်သူလေးက သူရောက်နေသည်ကို သိသိကြီးနှင့်ပင် အဖက်မလုပ်ဘဲ Computer screenပေါ် အာရုံစိုက်လျှက် သူ့အလုပ်သူဆက်လုပ်နေသည်။ အဖက်လုပ်ပြီး ပြန်အကြည့်မခံရသည့်တိုင် မျက်မှန်အောက်က အာရုံစူးစိုက်နေပုံရသော မျက်ဝန်းလှလှလေးများကို ငေးကြည့်ရင်း ဖြေသိမ့်နေရသည့်အဖြစ်ကိုလည်း ကျေနပ်မိနေသည့် ဂျောင်ဂုအဖြစ်ရယ်ပါ။

တစ်ကျောင်းလုံး၏ Kingအဖြစ် နာမည်ကြီးကာ မိန်းကလေးတိုင်း သည်းသည်းလှုပ်သဘောကျခံနေသောသူက တတိယနှစ်ဆေးကျောင်းသားလေး ထယ်ယောင်းဆီမှာ ရက်ရက်စက်စက် အချေခံနေရတာ မာနထိခိုက်ချင်စရာတော့ကောင်းသည်။ သို့သော် ချစ်မိသွားတော့လည်း မတတ်နိုင်သည့် အခြေအနေပေါ့။

သူရောက်စကတည်းက စာအုပ်လှန်ဖတ်လိုက် စာရိုက်လိုက်လုပ်နေသော ဆေးကျောင်းသားလေးက အချိန်အတော်ကြာသည့်တိုင် သူ့ကိုအဖက်မလုပ်။ ဂျောင်ဂု ကိုယ်တိုင်ကလည်း ထိုင်ငေးရုံဖြင့်ပင် ေကျနပ်နေသည်မို့ အိန္ဒြေသိက္ခာဆိုတာတွေလည်း ထည့်မတွက်နိုင်တော့ဘဲ ရှုထောင့်အမျိုးမျိုးကနေ ထိုင်ငေးနေမိတော့သည်။

သူ့ထက်အသက်ကြီးသော ေဆးကျောင်းသားလေးကိုမှ ရူးရူးမူးမူးချစ်မိခဲ့သည်က သူ့ဘဝအတွက် အလင်းရောင်လေးတစ်ခုကို ရှာတွေ့ခဲ့ခြင်းဟုလည်း ဂျောင်ဂုတွေးနေမိသည်။ အချစ်စစ်ကိုရှာရင်း ရည်းစားထည်လဲတွဲခဲ့မိသည်ကိုလည်း အခုထိ နောင်တရမဆုံးခဲ့။

My Destiny is Created by Gods (Completed) Where stories live. Discover now