SCENE II

606 78 5
                                    

SCENE II
(Unicode)

တီတီ!...တီတီ!..

နာရီနှိုးစက်သံက အိပ်ပျော်နေသော ဂျောင်ဂုကိုနှိုးလိုက်သည်။ ညက ဘုရားကျောင်းထဲ ရုတ်တရက်ကြီး အိပ်ချင်သလိုဖြစ်လာကာ အိပ်ပျော်သွားသည်ကို သူသတိရမိတော့ အလန့်တကြားပင် မျက်လုံးဖွင့်ကြည့်မိသည်။

" ဟင်...ငါ ဘယ်ကို ရောက်လာတာလဲ "

တအံ့တသြရေရွတ်ရင်း အခြေအနေကို သုံးသပ်ကြည့်တော​့ သူရောက်နေသည်က အခန်းကျဥ်းကျဥ်းတစ်ခုထဲက အိပ်ရာပေါ်မှာ။ ပိုအံ့သြရ​စေသည်က ထိုအခန်းကျဥ်းထဲ သူချစ်ရသော ထယ်ယောင်း၏ဓာတ်ပုံအချို့ကို တွေ့လိုက်ရခြင်းပင်။

ဆုတောင်းပြီးသိပ်မကြာခင် အမွှေးတိုင်အငွေ့တွေရှူမိပြီး သူအိပ်ပျော်သွားခဲ့တာ ကောင်းကောင်းကြီး မှတ်မိနေတော့ ဒီအခန်းလေးထဲ သူဘာကြောင့်ရောက်နေသလဲ စဥ်းစားမရ။ အိပ်ရာခေါင်းရင်းဘက်က ပြတင်းလိုက်ကာလေးကို လှပ်ကြည့်မိတော့ သူ့ကိုပို၍ပင် အံ့သြသွားစေသည်။

" ဒါ...ဒါက ဆိုးလ်မြို့ထဲက အငှားတိုက်ခန်းတွေရှိတဲ့နေရာပဲ။ ဘုရားကျောင်းရှိတဲ့မြို့ကနေ ဆိုးလ်အထိ ဘယ်သူက ငါ့ကို ညတွင်းချင်း ပြန်ခေါ်လာတာလဲ "

သေချာပြန်တွေးကြည့်တော့ ေတာင်ပေါ်က ဘုရားကျောင်းမှာ အဘွားအိုတစ်ယောက်သာ သူမြင်ခဲ့သည်။ အဘွားအိုက သူ့ကိုဆိုးလ်အထိ ပြန်ပို့ဖို့အသာထား အိပ်ပျော်နေသော သူ့ခန္ဓာကိုယ်ကြီးကိုသယ်ပြီး တောင်အောက်ဆင်းဖို့ပင် မလွယ်ကူနိုင်။

အခြားသူတစ်ယောက်ကို အကူအညီတောင်းနိုင်သည်ပဲထား။ ဘာအကြောင်းနဲ့မှ ဆိုးလ်အထိပြန်ပို့ထားစရာ အကြောင်းမရှိ။ ပြန်ပေးဆွဲခံရသည်ဆိုလည်း သူ့ကို ချုပ်နှောင်ထားသင့်သည် မဟုတ်လား။

တွေးရင်းတွေးရင်း ရှုပ်ထွေးလာသဖြင့် အိပ်ရာကထလိုက်တော့ ပုံမှန်ထက်ပေါ့ပါးနေသော ခန္ဓာကိုယ်ကြောင့် ထပ်ပြီး အံ့သြရသည်။ မျက်နှာသစ်ဖို့စိတ်ကူးဖြင့် ရေချိုးခန်းဖြစ်မည်ယူဆရသော အခန်းတစ်ခန်းထဲကို ဝင်လိုက်တော့ မြင်လိုက်ရသော မြင်ကွင်းက သူ့ကို ထိတ်လန့်သွားစေ၏။

My Destiny is Created by Gods (Completed) Where stories live. Discover now