FINALE

731 87 3
                                    

FINALE
(Unicode)

ထယ်ယောင်းကို စိတ်အပူလွန်နေသော ဂျောင်ဂုလည်း ထယ်ယောင်း အခန်းကို သော့သေချာပိတ်ရင်း ရရာကားငှားကာ သူ့ခန္ဓာကိုယ်ရှိရာ ဘုရားကျောင်းဟောင်းကြီးဆီ အမြန်ထွက်လာခဲ့သည်။

ထိုနေရာဆီရောက်ဖို့ အနည်းဆုံး အချိန်သုံးနာရီခန့်ကြာမည်ဖြစ်၍ လမ်းခရီးတစ်လျှောက်လည်း ဂျောင်ဂုတို့စိတ်ဂဏာမငြိမ်နိုင်ဖြစ်ရသည်။ တစ်ယောက်တည်း မသွားတတ်မလာတတ်ဖြင့် တောထဲလမ်းပျောက်နေလျှင် အခက်တွေ့ပေလိမ့်မည်။

အဘွားအိုကလည်း လူအစစ်အမှတ်မှန်း သူသိနေ၍ ထယ်ယောင်း အဘွားအိုကို တွေ့ရချင်မှတွေ့ရမည်။ ထိုသို့​ဖြစ်လျှင် ထယ်ယောင်းတစ်ယောက်ထဲ သွားမိသွားရာ လျှောက်သွားမိပြီး ဒုက္ခရောက်နေမှာမျိုးကို သူသိပ်စိုးရိမ်သည်လေ။

Ring!..Ring!

လိုရမယ်ရယူလာခဲ့သော ထယ်ယောင်းဖုန်းလေးက အသံမြည်လာတော့ ဂျောင်ဂု အနည်းငယ် လန့်သွားသည်။ ထယ်ယောင်း ခန္ဓာကိုယ်ထဲရောက်နေ၍ ထယ်ယောင်းဖုန်းကို သူနဲ့အတူယူလာခဲ့သော်လည်း တစ်ဖက်က ဖုန်းခေါ်သူက မည်သူမှန်းမသိရ၍ သူလန့်မိသည်လေ။

မကိုင်ပြန်လျှင်လည်း အရေးကြီးကိစ္စဆို ပြဿနာဖြစ်နိုင်သေး၍ ဂျောင်ဂုလည်း မီးစင်ကြည့်ကဖို့ဆုံးဖြတ်ရင်း ဖုန်းကိုင်လိုက်သည်။ ထယ်ယောင်းကိုယ်ထဲမှာဖြစ်၍ သူ အသံထွက်လျှင်လည်း ထယ်ယောင်းအသံသာထွက်လာမည်ဖြစ်၍ အသံကိုလည်း ဖျက်ပြောရသည်။

" ဟယ်လို ကျွန်တော် ထယ်ယောင်း သူငယ်ချင်းပါခင်ဗျ။ သူ ကျွန်တော့်အခန်းမှာ စာအတူလာလုပ်ရင်း သူ့ဖုန်းကျန်နေခဲ့လို့ပါ ခင်ဗျ "

ဟုတ်သော်ရှိ မဟုတ်သော်ရှိ အနည်းဆုံးတော့ အလွဲအချော်သက်သာအောင် ဂျောင်ဂုတို့ ရမ်းရွှီးလိုက်သည်။ တစ်ဖက်က ဘာများပြန်ပြောလာမလဲဟု ရင်တုန်နေရသည်ကလည်း တစ်ဖက်။

" ဟုတ်လား ထယ်​ယောင်းလေးက အရမ်းအနေအေးပြီး စာကြိုးစားလုပ်နေမယ့်သူဆိုတော့ သူသူငယ်ချင်းရတယ်ဆိုတာ နားရှိလို့သာ ယုံရတယ်ကွယ်။ သူ့ကို ေသချာလေးစောင့်ရှောက်ပေးလိုက်ပါဦး သားရယ်။ တစ်ရွာလုံးဂုဏ်ယူရဖို့ သူ့ပခုံးပေါ်ထမ်းပြီး ကြိုးစားနေရတာ သူအရမ်းပင်ပန်းရှာမှာ။ တို့ရွာကနေ ပထမဆုံး ဆရာဝန်တစ်​ယောက် ထွန်းထွန်းပေါက်လာတာ မြင်ရမယ့်အချိန်ကို တစ်ရွာလုံးက မျှော်လင့်နေကြတော့ သူ့ခင်ဗျာလည်း ဒီမျှော်လင့်ချက်တွေကိုဖြည့်ပေးဖို့ အစွမ်းကုန်ကြိုးစားပေးနေရှာတာ "

My Destiny is Created by Gods (Completed) Where stories live. Discover now