Unicode
သာယာနေတဲ့ ပတ်၀န်းကျင် နဲ့ အတူ တိတ်ဆိတ်နေတဲ့ ကျောင်းထဲက မနက်ခင်းတစ်ခုကို ကျယ်လောင်သော ကားအင်ဂျင်အသံနဲ့ အရှိန်ဖြင့် မောင်းနှင်ကာ ကျောင်းအတွင်းသို့ ဆိုက်ရောက်လာတဲ့ ပြိုင်ကား အနီ တစ်စီးး..
ထို ပြိုင်ကားကို တွေ့တာနဲ့ တပြိုင်ထဲ မိန်းကလေး အုပ်စုတစ်ခုလုံး ပြေးလာကာ ဆူညံနေကြသည်။
ကားထဲက ကျောင်း၀တ်ဆုံကို စမတ်ကျစွာ ၀တ်ထားကာ ကျောင်းလွယ်အိတ်ကို တစ်ဖက်ထဲ လွယ်ပြီး ဆံပင်ကို တစ်၀က်စီးထားတဲ့ စတိုင်နဲ့ ခပ်မိုက္မိုက် ကောင်လေး တစ်ဦး
ထိုကောင်လေးက တခြားလူမဟုတ်ပင် ဒီ Jeon education ကျောင်းကြီးရဲ့ ပိုင်ရှင် Mr. Jeon ရဲ့သား ဖြစ်သလို အနာဂတ်မှာ ဒီ ကျောင်းကြီးကို လက်လွဲဆက်ခံရမဲ့ နှုတ်ခမ်းနီမလေးတွေ အသဲစွဲ
“Jeon Jungkook”ကျောင်းထဲတွင် ဆူညံနေတဲ့ လူအုပ်ကြီးလဲ ရှိသလို တိတ်ဆိတ်နေတဲ့ ကောင်လေးတစ်ယောက်လဲ ရှိတယ် ထိုကောင်လေးကတော့ “Jeon Jungkook” နဲ့ အရာအားလုံး ဆန့်ကျင်ဖက် ဖြစ်တဲ့
“Kim Taehyung” ၂နှစ်သား အရွယ်ထဲက အဖေဖြစ်သူ ဆုံးပါးသွားတာကြောင့် အမေ နဲ့ သာ ကြီးပြင်းလာရသည်။မပြည့်စုံတဲ့ မိသားစုက ကြီးပြင်းလာရတာကြောင့် စာကိုသာ အားသွန်ခွန်စိုက်ကြိုးစားသည်။
တစ်နေ့ သူ့အမေကို ချမ်း"သာ" ထားနိုင်ရမည် ဆိုတဲ့ စိတ်နဲ့ ပင် ကြိုးစားသည်။အတွေးထဲ နယ်ကျွံနေတဲ့ ထယ်ယောင်းကို ဂျီမင် က လှုပ်ခေါ်လိုက်သည်။
"ဟျောင့်! မင်းကလဲ တွေးလှချေလား"
"ဘာမှမဟုတ်ပါဘူးကွာ ဒီတိုင်းနည်းနည်းလေး တွေးမိသွားတာ"
"အင်းပါ ဆောရီးကွာ ငါနောက်ကျသွားတယ် ရော့ မင်းကြိုက်တဲ့မုန့်၀ယ်လာပေးတာ"
"အော် အေး ကျေးဇူး သူငယ်ချင်း"
"ရပါတယ်ကွာ လာအတန်းတက်ရအောင်"
"အေး မင်းလုပ်လို့ နောက်ကျတော့မလို့"
ဂျီမင်ကတော့ ကျနော့်ရဲ့ တစ်ဦးထဲသော သူငယ်ချင်းလေးပေါ့ ကျနော်ဒီကျောင်းကို စရောက်ထဲက ကောင်းပေးလာတာ သူပဲရှိတယ်။