Unicode
"ဂျွန်ဂျောင်ကု?!"
"မင်းကကိုယ့်ကိုမှတ်မိသားပဲ"
အဖေ့ကိုလွမ်းလို့ ဟန်မြစ်နားမှာ ခနသွားထိုင်ခဲ့ပြီး ပြန်တဲ့လမ်းမှာ ကျနော့်လက်ကိုဆွဲပြီး နံရံနဲ့ကပ်လိုက်တာ ဂျွန်ဂျောင်ကုပဲ။
"မင်း ငါ့ကိုလွှတ်စမ်း!"
"အခုမှ ကြောက်နေတာလား"
"မင်းကိုကြောက်တယ်လို့ ဘယ်သူပြောလဲ"
"မကြောက်ဘူးပေါ့လေ?"
"သေတောင် မကြောက်ဘူးကွ!"
သူ့ကိုကျနော် ကန်ပြီး ထွက်ပြေးလာခဲ့တယ်။ ပင်ပန်းလို့ ဟန်မြစ်ကို လာကာမှ တကယ့် ခွေးသားနဲ့ လာတွေ့ရတယ်လို့။
သေချာပေါက် မနက်ဖြန်ကျရင် ဒီကောင် ကျနော့်ကို တစ်ခုခု လုပ်တော့မည်လေ။
.
.
.
.
.
မနေ့ညက ကျနော်နောက်ကျမှ အိပ်ယာ၀င်ဖြစ်တော့ အခု နောက်ကျမှ နိုးပါလေရော။
ကျောင်းတော့ နောက်ကျပါပြီ သေလိုက်ပါတော့ ကင်မ်ထယ်ယောင်းရယ်။ခပ်သွက်"ပြင်ဆင်ပြီး ကျောင်းကို ထွက်လာခဲ့လိုက်တာ မနက်စာတောင် စားဖို့ မမှီတော့။
ကျောင်းရောက်တော့ ထပ်ဆိုးတာက Mrs.Choi အချိန်။ Mrs. Choi က ကျောင်းသားတွေ အကြောက်ရဆုံးဆရာမလေ သူက အရမ်းတိ"ကျ" လုပ်တာ။သူ့အချိန်မှ နောက်ကျရတယ်လို့ကွာ။
နောက်ကျတယ် မကျတယ် ဟိုကျက်သတုံးကောင်နဲ့ အတူ အတန်းရှေ့ရောက်သွားရတယ်။ ကျနော်က အတန်းထဲလဲ မ၀င်ရဲ လို့ အပြင်မှာပဲ ခနရပ်နေလိုက်သည်။ သို့ပေမယ့် ကံဆိုးစွာနဲ့ပဲ ဟိုသေနာကောင်ရဲ့ အရောက်ပို့မှုကြောင့် Mrs.Choi သိသွားတယ်။
"ကင်မ်ထယ်ယောင်း!!"
"ဗျ- ဗျာ"
"ငါက နောက်ကျရင်မကြိုက်ဘူးဆိုတာသိတယ်မလား"
"ဟုတ်ကဲ့ သိပါတယ်ဗျာ့"
"သိရင် အဲ့အပြင်မှာ ငါမခေါ်မချင်းရပ်နေ"
"ဟု-ဟုတ်ကဲ့"
နာရီ၀က်လောက်ကြာအောင် ရပ်ပြီးတော့ ခြေထောက်တွေ တော်"ညောင်းလာပြီ။မနက်စာကလဲ မစားရသေးတော့ ခေါင်းနည်း"မူးပြီး ဗိုက်တွေအောင့်လာသည်။
ခနနေလောက်ကြာတော့ လူကလုံး၀တောင့်ခံလို့ မရတော့တာကြောင့် စိတ်ကိုလျှော့ချလိုက်တော့ မျက်လုံးများက ရီဝေဝေဖြစ်ကာ သူ့အလိုလို မှိတ်ကျသွားသည်။ ကျနော်လဲ လောကကြီးနဲ့ ခနတာ အဆက်အသွယ်ပြတ်သွားသည်။