အပိုင်း(၄)

507 94 5
                                    

မနက်ဆို ၆နာရီထတယ်။ မျက်နှာသစ် ကိုယ်လက်သန့်စင်ပေးဖို့အတွက် သူနိုးတဲ့အချိန် နဲ့ ဖွားယွီလာတဲ့ အချိန်က ကွက်တိ။ ဖွားယွီက ရှောင်းကျန့်လေးကို သေချာဂရုတစိုက် လုပ်ပေးပါတယ်။

အင်္ကျီတွေကိုလည်း ရှောင်းကျန့် စိတ်တိုင်းကျ ရွေးထုတ်ဝတ်ဆင်ပေးတယ်။ ပြီးတော့ အနံ့သင်းသင်းရတဲ့ Cream တစ်မျိုးကိုလည်း ရှောင်းကျန့်လေးကို လိမ်းပေးသေးတယ်။ ရှောင်းကျန့်လေး ခန္ဓာကိုယ်က မွှေးမွှေးလေးဖြစ်နေရင် ရှောင်းကျန့်လေး ပျော်တယ်။

ခန္ဓာကိုယ်ကို ရေချိုးတဘတ်နဲ့ အလုံထုတ်ပတ်ထားခြင်းခံနေရတဲ့ သခင်လေးက လက်ဖဝါးတစ်ပြားသာသာရှိသော လက်ကိုင်ပါရှိသည့် မှန်တစ်ချက်ကို ကိုင်ရင်း ခုတင်ပေါ် ချထားပေးရက်အတိုင်း ပုံ့ပုံ့လေးထိုင်နေတယ်။ ပြီးတော့ မှန်ကိုကြည့်ဘာတွေသဘောကျနေမှန်းမသိ တခိခိ ရယ်မောနေပြန်တယ်။

"သခင်လေး....ဘာတွေများ သဘောကျနေတာပါလဲ။"

မှန်မကိုင်ထားတဲ့ လက်တစ်ဖက်ဖြင့် ပါးစပ်လေးကို အုပ်ပိတ်လိုက်ရင်းကို လက်ဖဝါးအောက်က အပြုံးလေးဖြစ်ထွန်းနေသည်မှာ မှေးကျဥ်းသွားတဲ့ မျက်အိမ်လေးက သက်သေပင်။

"ဘာမှဟုတ်ပါဘူး ဖွားယွီ"

"မသိပါဘူးတော်....သခင်လေးက ကိုယ့်မျက်နှာကို မှန်ထဲကကြည့်ပြီး ဘာတွေများ သဘောကျနေတာလဲလို့။"

သခင်လေးက မှန်ကို သူထိုင်နေတဲ့ဘေး ခုတင်ပါ်အသာချလိုက်တယ်။ ပြုံးတုံးတုံး နှုတ်ခမ်းတစ်စုံဖြင့် မျက်နှာကို မော်ချီလိုက်ရင်း....

"သား...ချောနေတယ်မလား။"

ဖွားယွီက ရှောင်းကျန့်လေး ရှိတဲ့အနားကို ခပ်ပြုံးပြုံးမျက်နှားဖြင့် လျှောက်သွားလေတယ်။ ထို့နောက် လက်ထဲကိုင်ထားတဲ့ အဖြူရောင်ခေါင်းစွပ်လက်ရှည်လေးရယ် ဒူးတစ်ဝက်ရှိတဲ့ အနက်ရောင်ဂျင်းဘောင်းဘီလေးကို ဝတ်ဆင်ပေးလိုက်ရင်း.....

"ဒီချုံချင်းတစ်မြို့လုံးမှာ ရှောင်းအိမ်တော်က ရှောင်းကျန့်လေးက အချောဆုံး။"

"ဟွန့်!....အဲ့စကားကြီး ပြောနေတာ။ တခြားပြောင်းပြောပါအုံးလား။"

မောင့်ချစ်ပန်းနှင်းဆီ ᥫ᭡.Where stories live. Discover now