"ဝမ်ဝမ်!...ဘယ်လဲ"
အချိန်အားဖြင့် ည၈နာရီထိုးလုပြီ။ အိပ်ရာပြင်နေတဲ့ ဝမ်ကျုံးက အခန်းထဲကနေ ထွက်ဖို့ပြင်နေတဲ့ ဝမ်ဝမ်ကိုတွေ့လို့ လှမ်းမေးလိုက်ခြင်း။
ဦးကြီး အခန်းထဲဝင်လာသည်နှင့် ရိပေါ်လေး အပြင်ကို ထွက်ဖို့လုပ်ရတယ်။ ဦးကြီး အရိပ်အခြေအနေ ကြည့်ပြီး အခန်းပြင်ရောက်ခါနီးမှ မမေးစဖူး လှမ်းမေးလာတဲ့ ဦးကြီး အသံအကြားမှာ မလုံတဲ့အိုးကဘောင်ဘင် ခတ်သလို ရိပေါ်လေး ခန္ဓာကိုယ်က လန့်ဖြန့်၍ တုန်တက်သွားမိတယ်။
စကားကို သွက်သွက်လက်လက် ပြောတက်တဲ့ ရိပေါ်လေးက အခုချိန်မှာတော့ အပေါက်ဝအနား ကုတ်ကုတ်ကလေးရပ်ပြီး လေသံသေးသေးလေးနဲ့ ပြန်ဖြေကြားလာ၏။
" ဟို.....အကိုကြီးမူရှင်းဆီ သွားမလို့ပါ"
"မူရှင်းဆီသွားအိပ် အိပ်နေတာက အိပ်လို့အဆင်ပြေရဲ့လား ဝမ်ဝမ်! ဒီမှာ သက်တောင့်သက်သာ အိပ်ရာပေါ် အိပ်ရတာကို မအိပ်ဘူး။"
အရင်နေ့တွေနဲ့မတူ ဒီနေ့တော့ ရိပေါ်လေး အပြင်ထွက်ရမှဖြစ်မည်။ ဘယ်လိုလုပ်ရပါ့မလဲ...။
လက်ဖဝါးနှစ်ဖက်ကို ယှက်သွယ်ဆုတ်ကိုင်ထားရင်း လက်မလေး နှစ်ချောင်းကို အချင်းချင်းထိုးစိတ်နေကာ ထွက်ပေါ်လာတဲ့ မဝံ့မရဲလေသံပျော့ပျော့လေးက ရိပေါ်လေးရဲ့ လိမ်လည်စကားလေး။
"အကိုကြီးမူရှင်း ပျင်းနေမှာစိုးလို့......"
အိပ်ချိန်နောက်ကျတက်မှန်းတွေးမိတော့ ဝမ်ဝမ်ကို မူရှင်းဆီ မသွားခိုင်းချင်တော့။ အရင်တုန်းက ကိစ္စမရှိပေမဲ့ အခုနောက်ပိုင်း မနက်ပိုင်းဆို ဝမ်ဝမ်က သခင်လေးရှောင်းဆီ နှင်းဆီပန်းပို့ရတဲ့ အလုပ်ကို လုပ်နေရသည်လေ။
ဒါပေမဲ့လည်း ဝမ်ဝမ်ကိုကြည့်တော့ မူရှင်းနဲ့ နေရတာ ပျော်သလိုပင်။ ငယ်သေးတဲ့ဝမ်ဝမ်က ကစားဖော် စကားပျော်ဖော် သိပ်မက်သည်။ မူရှင်းက ဝမ်ဝမ်ကို ညီငယ်လေးလို ချစ်တော့ ကလေးနဲ့အတူ အပြိုင်လိုက်ဆော့ကစားပေးတက်သေးတယ်။ ဝမ်ဝမ် မူရှင်းကို တွယ်တာ မဆန်း။
တားမြစ်ချင်တဲ့ စိတ်ကိုလျော့ချပြီး ဝမ်ဝမ်ကို မှာစရာရှိတာတော့မှာလိုက်သည်။
YOU ARE READING
မောင့်ချစ်ပန်းနှင်းဆီ ᥫ᭡.