Episode 1

204 30 12
                                    

Unicode:

" အ ! "

" ခဏရပ်ဦး! ဒီမှာ ထိသွားပြီ "

ဒီနေ့ PE အချိန်ပါသည်မို့ ဟယ်ဂျူတို့အတန်းက ဘော်လီဘောကစားကြရသည်။ ထုံးစံအတိုင်းပဲ အပျော်တမ်း‌ပြိုင်ပွဲလည်းပါတာမို့ အခုက ဟယ်ဂျူပါတဲ့အသင်းနဲ့ တစ်ဖက်အသင်းတို့ဆော့ရတဲ့အလှည့်ဖြစ်သည်။

ပွဲစပြီး သိပ်မကြာခင်မှာပဲ တစ်ဖက်ကလာတဲ့ဘောလုံးက ဟယ်ဂျူ့မျက်နှာကို အရှိန်ပြင်းပြင်းနဲ့ ထိမှန်သွားတာမို့ ဟယ်ဂျူလည်း မြေကြီးပေါ်နောက်ပြန်လဲကျသွားရတော့သည်။

ခေါင်းပြန်ထောင်ပြီး ထဖို့လုပ်လိုက်ချိန်မှာ နှာခေါင်းထဲမှ စီးထွက်လာတဲ့ ခပ်ညှီညှီသွေးတွေကြောင့် ဟယ်ဂျူလက်ဖမိုးနဲ့သာ ထိုသွေးနီနီတွေကို သုတ်ချလိုက်ပြီး ပြိုင်ပွဲစည်းထဲကနေ ထွက်လာရတော့သည်။

" ဟယ်ဂျူ...ကျောင်းဆေးခန်းသွားလိုက် "

ဟယ်ဂျူတို့ အားကစားဆရာက သဘောကောင်းသူပီပီ ဟယ်ဂျူ့လက်ထဲ လက်ကိုင်ပုဝါလေးထည့်ပေးရင်း ကျောင်းဆေးပေးခန်းသို့ လမ်းညွှန်ပေးသည်။ ဒီကျောင်းမှာ တက်လာတဲ့ သုံးနှစ်လုံးလုံး ဟယ်ဂျူသိထားခဲ့သည်က ကျောင်းအတွက် လုပ်အားပေးဆရာဝန်မရှိသေးလို့ ဆေးခန်းကိုပါ သော့ခပ်ထားရသည်ပင်။ အခု ဆရာဝန်ရောက်လာလို့များလား...

ဟယ်ဂျူ လက်ထဲက လက်ကိုင်ပုဝါလေးနဲ့ပဲ သွေးထွက်နေတဲ့နှာခေါင်းလေးကို အုပ်ထားရင်း သုံးထပ်ဆောင်ကျောင်းကြီးရဲ့ သုံးထပ်မြောက်မှာရှိသော ကျောင်းဆေးပေးခန်းသို့ ဟောဟဲအသံတို့ဖြင့် တိတ်တဆိတ်တက်လာခဲ့သည်။

ဒီအတိုင်းဆို သွားစရာမလိုပေမယ့် အေးတိအေးစက်‌ဟယ်ဂျူ့ရဲ့ ဖုံးကွယ်ထားတဲ့ ဉာဉ်လေးက စပ်စုတတ်တာလေးမို့ အသစ်ရောက်လာတဲ့ဆရာဝန်အား အနည်းငယ်စပ်စုချင်မိသည်။

နောက်ဆုံးတော့ အပေါ်ဆုံးထပ်ကို ရောက်ခဲ့လေပြီ။ အပေါ်ဆုံးမှာက ကျောင်းအုပ်ကြီးရုံးခန်း၊ ဆရာ၊ဆရာမများ ရုံးခန်းနှင့် နားနေခန်း၊ အစည်းအဝေးခန်းမ နဲ့ ကျောင်းဆေးပေးခန်း စသည့် စာသင်ခန်းနှင့်မဆိုင်သော အခန်းတို့ရှိလေသည်။

첫사랑 ( First Love ) KNJ X OC •Completed Where stories live. Discover now