part-1

5.5K 204 12
                                    

Unicode

မင်းမျိုးမင်းနွယ်ဖြစ်သော ရှောင်းအိမ်တော်သည် လွန်စွာ ခမ်းနားကြီးကျယ်လှကာ အနွယ်တော်ဝင်များဖြစ်သည့်အလျောက် လွန်စွာပင် ဘဝင်မြင့် မောက်မာကြ၏။

ရှောင်းအိမ်တော် ဧည့်ခန်းအတွင်းတွင် အိမ်တော်၏ သခင်မကြီးနှင့် သခင်ကြီးမှာ နံနက်အစော လက်ဖက်ရည် သောက်နေကြ၏။တိတ်ဆိတ်နေသော အခန်းအတွင်းဝယ် လက်ဖက်ရည် အောက်ခံပန်းကန်ပြားနှင့် ကြွေခွက်တို့၏ ထိခတ်သံသာ ကြီးစိုးနေလေ၏။

"အစ်ကို့သားငယ် ဘယ်ရောက်နေပြီတဲ့လဲ"

ရှောင်းသခင်မကြီးသည် လက်ဖက်ရည်ကြွေခွက်ကလေးအား ညှင်သာစွာ ချ လို့ အေးဆေးစွာ စကားဆို၏။

ဘေးအနားသားများရွှေချည်ထိုးထားသည့် ပန်းရောင် လည်ထောင် ဂါဝန်ရှည်ကို ဝတ်ထားကာ ဆံထုံး ထုံးထားသော ရှောင်းသခင်မကြီးသည် အသက် 50 အရွယ်ဟု မထင်ချင်စရာ ကောင်းလောက်အောင် နုပျိူနေကာ ကျက်သရေ ရှိလှ၏။

ထိုမေးခွန်းအား လက်ဖက်ရည်သောက်ရင်း သတင်းစာ ဖတ်နေသော ရှောင်းသခင်ကြီးသည် သူ၏ မျက်မှန်အား အနည်းငယ် ပင့်တင်လိုက်ကာ......

"လေဆိပ်ကနေ ထွက်လာတာကြာလို့ အခုတောင် အိမ်တော်နား ရောက်လောက်ကောပေါ့ မယ်ဟွား ရယ် မင်းမလဲ စိတ်ပူတတ်ရန်ကော!"

ရှောင်းသခင်ကြီးသည် သူ၏ ချစ်ဇနီးအား ချစ်စနိုးဟန်ဖြင့် စ နောက်ကျီစယ်လေ၏။

"အို............ကျမက ဝမ်းနဲ့လွယ်ပြီး မွေးထားရတဲ့ အမေရှင့် ကိုယ့်သားသမီးကို စိတ်ပူမိတာ ဆန်းသလား... ပြီးတော့ ကျမသားငယ်ကိုတော့ သားကြီးSean လို မဖြစ်အောင် ကျမက ထိန်းသိမ်းရမှာပဲ......ကျမ ဂရုမစိုက်ပဲ ပစ်ထားခဲ့မိလို့ သားကြီးSeanက သည်လို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာ......"

ရှောင်းသခင်မကြီးသည် အလွန် စိတ်မကောင်းဖြစ်နေဟန်ဖြင့်ပြောဆိုကာ သူမ၏မျက်ဝန်းထောင့်မှ မျက်ရည်စ တွေကို ပိုးလက်ကိုင်ပဝါစ ဖြင့် အနည်းငယ်ဖိသုတ်လိုက်ပါ၏။

ရှောင်းသခင်ကြီးသည်လည်း သူ၏ ဇနီးသည် အပြောကြောင့် သက်ပြင်းအနည်းငယ် ကြိတ်ချလိုက်၏။

Second LoveWhere stories live. Discover now