part-5

1.8K 159 21
                                    

Unicode

"Morning  သားသား  ရွှတ်!"

"Morning  ပါးပါး "

ရိပေါ်  သားသားကို တစ်ချက်နမ်းကာ ပြုံးပြုံးလေးနှင့်ပင်  နံနက်စာ စားရန် ခုံတွင်ထိုင်လိုက်၏။ထို့နောက် အိမ်တော်ထိန်းဒေါ်ဒေါ် အဆင်သင့်ထည့်ပေးထားသည့် ကော်ဖီအား တစ်လုတ်သောက်ကာ ပါမုန့် အား တစ်ကိုက် ကိုက်လိုက်သည်။

သားသားသည်လည်း အေးအေးဆေးဆေးပင် နံနက်စာ စားနေ၏။သားသားသည် အသက်အားဖြင့် လေးနှစ်သာရှိသေးသော်လည်း ဇွန်း၊ခရင်း အား ကောင်းစွာကိုင်တက်နေပြီဖြစ်ကာ အစားစားလျှင်လည်း သပ်သပ်ရပ်ရပ်ရှိလှ၏။ထိုသို့ ဖြစ်အောင်လဲ ရိပေါ်က စနစ်တကျ  သင် ပေးထားတာဖြစ်သည်။ရိပေါ်သည် Sean မရှိတော့ကတည်းက ကုမ္ပဏီအား ရှောင်းအုပ်စုလက်အောက်ထဲသို့ပဲ သွင်းကာ စောင့်ရှောက်စေသည်။ထိုကုမ္ပဏီသည်လည်း သားသားကြီးလာလျှင် ပိုင်ဆိုင်ရမည့် ပိုင်ဆိုင်မှူ တစ်ခုပေတည်း။ရိပေါ်သည်     Jewelry Designer တစ်ယောက်ဖြစ်၍  နိုင်ငံတွင်းမှာပင် မက ပြည်ပနိုင်ငံများမှာပင် နာမည်ကြီးကာ ဝင်ငွေသည်လည်း  အတော်ကောင်းမွန်၏။ထို့ကြောင့် ရိပေါ်သည်   သားသားအားရှောင်းမိသားစု၏ အကူအညီမပါလျှင်တောင်  တင့်တင့်တယ်တယ် ခမ်းခမ်းနားနား ထားနိုင်သော အဆင့်ရှိ၏။

ရိပေါ်  အတွေးတို့အား ရပ်လိုက်ကာ လက်ထဲက ပါမုန့်ကို တစ်ချပ်လုံး ကုန်အောင် စားလိုက်သည်။ထို့နောက် ပါးစပ်အား tissue ဖြင့် သုတ်လိုက်ကာ သားသားကိုပါ တစ်ခါတည်း သန့်ရှင်းပေးလိုက်၏။ထိုအခါတွင်တော့ သားအဖနှစ်ယောက်လုံးသည် နံနက်စာ စားခြင်းပြီးဆုံးကာ အရာအားလုံးအတွက် အဆင်သင့် ဖြစ်လေပြီ။(ကျောင်းသွားဖို့နဲ့ ရုံးသွားဖို့ ကို ပြောတာပါ)

ကားပေါ်တက်ခါနီးမှ ရိပေါ်မှာ သားသား၏ လွယ်အိတ်ပိစိထဲ ပစ္စည်းများ စုံ မ စုံ  စစ်ရသေး၏။

  သားသား၏ လွယ်အိတ်ထဲတွင် ကလေးများအတွက် သင်ထောက်ကူ ပစ္စည်းကလေးများ၊ဝက်ပုံ ရေကျက်အေး ဘူးကလေး၊ ရိပေါ်ကိုယ်တိုင်ကိုယ်ကျ သားသားအတွက် ထိုးပေးထားသည့်   Chemical freeသီးစံုယိုဘူးေလးနွင့္ ပေါင်မုန့်သားအိအိ သုံးလေးချပ်ပါသော အထုပ် ကလေးတို့အားမြင်မှ ကားအား သားသားတက်သည့်မူကြိုရှိရာသို့  Driver အား  မောင်း ခိုင်းလိုက်၏။

Second LoveTempat cerita menjadi hidup. Temukan sekarang