part-2

2.1K 177 25
                                    

Unicode

ဝမ်အိမ်တော်တွင်…

ရိပေါ်မှာ ဒီနေ့ နေသိပ်မကောင်းချင်တာကြောင့်  သားကိုတောင် အိမ်တော်ထိန်းကို သွားကြိုခိုင်းလိုက်ကာ သူကတော့ ဆိုင်မှ စောစော ပြန်လာခဲ့ရာ အိမ်သို့ ပြန်ရောက်မှ အမှားကြီးမှားမှန်းသိတော့သည်။

သူ၏ယောက္ခမတော်စပ်သူများနှင့် သူသည် ကွယ်လွန်သွားပြီးသော ယောက်ျားကြောင့်နှင့် သားလေးကြောင့်သာ မတော်စပ်ချင်ဘဲ တော်စပ်နေရတာ ဖြစ်သည်။မိမိသည်လည်း မာနတံခွန်တစ်လူလူနှင့်လူသား ဖြစ်သလို ယောက္ခမဖြစ်သူ ရှောင်းသခင်မကြီးသည်လည်း အနွယ်တော်ဝင်သူဌေးသူကြွယ်မျိူးရိုးပီသစွာ ဘဝင်မြင့်မောက်မာလှ၏။ဒါကြောင့် ခင်ပွန်းဖြစ်သူရှိစဉ်ကတည်းက သားမက်နှင့် ယောက္ခမ အမကြီးသည် လုံးဝ မျက်နှာချင်းမဆိုင်ချင်လောက်အောင်ထိ အစေး မကပ်ကြပေ။

သို့သော် ယောက္ခမ အထီးကြီးနှင့်တော့ အရမ်းဆိုးဝါးသော ဆက်ဆံရေးမရှိပါချေ။

(Zozo's note:တရုတ်မှာက ယောက္ခထီးဆိုပြီး သက်သက် မသုံးနှုန်းတာမို့ 
ယောက္ခမ အထီးကြီးလို့ ရေးလိုက်တာရယ်😇)

"မင်္ဂလာပါ ဒေါ်ဒေါ် မင်္ဂလာပါ ဘဘ…ဟင်!
သူ    သူက!"

ရိပေါ်သည် စောစောက ရှောင်းသခင်မကြီးနှင့်သခင်ကြီးကိုပဲ မြင်မိပြီး တစ်ခြားတစ်ယောက်ကို မမြင်မိပေ။ဒါဟာလဲ ရိပေါ် အမြင်မကောင်းတာကြောင့် မဟုတ်ဘဲ ဧည့်ခန်းက ဆတ်တီ ခုံတွေဟာ ကျောမှီ များ တအားမြင့်လေရာ ရိပေါ်အား ကျောပေးထိုင်နေသူကိုမတွေ့ပဲ ရှေ့တည့်တည့်မှ ယောက္ခမဖြစ်သူများကိုပဲ မြင်တာဟာ ဖြစ်သင့်ပါ၏။

ရိပေါ်သည် ကျောပေးထိုင်နေသော ထိုသူ၏ မျက်နှာအား မြင်လိုက်ရသည်ဆိုရင်ဖြင့် အံ့သြခြင်းကြီးစွာ ဖြစ်သွားရတော့သည်။ဒီမျက်နှာဟာ ရိပေါ်သိပ်ချစ်ရတဲ့ ခင်ပွန်းဖြစ်သူ Sean၏ မျက်နှာနှင့် အလွန်ပင်ဆင်တူလှ၏။ဒီလူ၏ နှုတ်ခမ်းအောက်မှ မှဲ့သည်တော့ Sean၏နှုတ်ခမ်းအောက်မှ မှဲ့ထက် အနည်းငယ် ပိုထင်းရုံသာ ကွဲပြားသည်။တစ်ခြားမျက်နှာ အစိတ်အပိုင်းများမှာတော့ တစ်ထရော တည်း တူညီနေလေသည်။

Second LoveDonde viven las historias. Descúbrelo ahora