ဖန်ခွက်ထဲကအေးစက်နေပြီဖြစ်တဲ့ကော်ဖီရဲ့အနံ့ကနှာခေါင်းထဲသို့တိုးဝင်လာပြီးနားစည်ဝသို့တိုးဝင်လာတဲ့ Mozart ရဲ့(eine kleine nachtmusik) တီးလုံးသံကကျွန်မရဲ့အကြားအာရုံထဲသို့ရောက် လာသည်။Mozart ကိုကျွန်မနှစ်သက်ပါတယ်။သို့ပေမယ့် 12 " size ရှိတဲ့အဲ့ဒီ Vinyl အပြားအမဲရောင်ကြီးဆီကအသံတစ်ခုခုကကျွန်မရဲ့နာကျည်းဖွယ်အတိတ်ဇာတ်ကြောင်းကိုနှိုးဆွပေးနေသယောင်ထင်ရတယ်လေ။
"အေးမူ ! အေးမူ"
ခြောက်သွေ့ပြီးအေးစက်မဲမှောင်နေတဲ့ဒီအိမ်ကြီး
ထဲမှာကျွန်မရယ်၊အေးမူရယ်ခြံစောင့်ကြီးဦးမိုးရယ်ဒါလူအကုန်ပဲ။ကျန်တာကခွေးတွေ။ဒိုလီနဲ့ပိုလီ။ဪ .. မေ့လို့။ခြံထဲကတောင်ဘက်ထောင့်စွန်းကျကျမှာတမာပင်တစ်ပင်ရှိတယ်လေ။တမာပင်ရဲ့မြေသားမာမာအောက်မှာတော့တစ်ယောက်ယောက်ရှိနေမလားတော့ကျွန်မမပြောတတ်ဘူး။"အေးမူ ! ဟ ဘယ်လိုလဲ သေကုန်ကြတာလား"
နှစ်တစ်ရာကျွန်းသားတွေနဲ့ဆောက်လုပ်ခဲ့တဲ့ဒီအိမ်ကြီးရဲ့လှေကားထစ်တွေပေါ်တစ်စုံတစ်ယောက်ခြေချလို့ပြေးလွှားနေမိပြီဆိုလျှင်တော့တကျွီကျွီမည်သံအချို့ကြားရပေလိမ့်မည်။
"အန်တီကျူး .. သမီးကိုခေါ်လား"
"အေး လာဦး .. ဘယ်အလေလိုက်နေလို့
ခေါ်မကြား အော်မကြားဖြစ်နေတာတုန်း""ဟို .. အောက်မှာတယ်လီဖုန်းပြောနေတာပါဒေါ်ကြီးသိမ့်ကမနက်ဖြန်လာမယ်လို့ပြောပါတယ်"
"သေချာပြောလိုက်လား .. ကျန်းမာရေးစစ်ဆေး
ချက်ယူခဲ့ဖို့""ဟုတ် ပြောလိုက်ပါတယ်"
"ငါ တစ်ရေးလောက်အိပ်ဦးမယ် .. ညနေ
မောင်မောင်လာလိမ့်မယ် ..သူကြိုက်တဲ့ပုဇွန်
တုတ်ချက်ထားလိုက်ကြားလား လေးနာရီလောက်ငါ့ကိုလာနှိုးဟုတ်ပြီလား""ဟုတ်"
အိပ်ယာပေါ်ရောက်တော့မျက်နှာကျက်ရဲ့တစ်နေရာထဲကိုစူးစိုက်လို့အကြာကြီးငေးလိုက်ရာ
"ခစ်ခစ် .. ရှင်သိပါတယ် အဲ့လိုတဏှာရူးပြီး
ကြည့်တဲ့ရှင့်အကြည့်တွေကိုကျွန်မဘယ်လောက်အသည်းယားလဲဆိုတာ"
YOU ARE READING
"ဆေးခါး" [ completed ]
Romanceပျိုဖျော်တိုက်တဲ့ဆေးခါးတစ်ခွက်။ တို့တစ်ကြိုက်ထဲမော့လိုက်တယ်။