အညိုရဲ့ အချစ်ရေးက ကံမကောင်းခဲ့ဘူး
အညိုချစ်မိတဲ့လူတိုင်း စိတ်ကုန်သွားတတ်ကြတယ်
ထပ်ချစ်ရမှာကြောက်နေမိပြီ အစ်ကို
ဒါပေမယ့် နောက်ဆုံးတစ်ကြိမ်အနေနဲ့ ယုံကြည်ချင်မိတယ်။
အဲ့ဒီသူက အစ်ကိုဖြစ်နေလို့ပါ။
အစ်ကို ကလွဲရင် တခြားသူ ယုံကြည်ဖို့ မဝံ့ရဲတော့လို့ပါ။~သော်တာညို
ကိုယ်က သာမန်လူတစ်ယောက်ပဲ ၊ ငယ်
နောက်ခံအသိုင်းအဝိုင်းကို မေ့ထားပေးပါ။
ဒီအတိုင်း မင်းရဲ့ အနာဂတ်မှာ ပျော်ရွှင်မှုအပိုင်းအစလေးအနေနဲ့ ပါ၀င်ချင်တဲ့သူတစ်ယောက်လို့မြင်ပေးပါ။
အတိတ်က ကိုယ်တို့ရဲ့ဇာတ်လမ်းက ဘယ်လိုဖြစ်ခဲ့ပါစေ၊ မင်းနဲ့အတူခြယ်မှုန်းမယ့် အနာဂတ်ပန်းချီမှာတော့ အရောင်အသွေးစုံချင်မိတယ်
ငယ်~~~~စည်သူပိုင်လင်း
YOU ARE READING
I Wanna Be Your
Historia Cortaဆရာနဲ့ တပည့်မလေးတို့ရဲ့ ချစ်ဇာတ်လမ်းငယ် အပြင်သင်တန်းတစ်ခုမှာ တွေ့ဆုံမိရင်းချစ်ကြိုးချည်နှောင်မိတဲ့ နှစ်ဦးသား နောက်ခံ၊အသိုင်းအဝိုင်းမတူညီသော သူတို့နှစ်ဦး အသက်အရွယ်ကွာခြားမှု အတိတ်ဇာတ်ကြောင်းရဲ့ အက်ကြောင်းရာတစ်ချို့နှင့် အချစ်ကို အယုံအကြည်မရှိတော့သော...