Part-15

3.6K 338 18
                                    

(Unicode)

"ရှက်လိုက်တာ!ဒီလိုကြီးတင်ပစ်တာလား!ငါ့မျက်နှာကြီးဘယ်သွားထားရမလဲ။အားးး။ရှက်လိုက်တာ"

Taehyung ‌ခြေပစ်လက်ပစ်အဖြစ်ရောက်နေသည်။

"ကြည့်ပါအုံးကွာ။ငါ့အဖြစ်ကြီးကို။
သောက်ရှက်‌တွေကိုကွဲလို့။အဲ့တာကြောင့်ငါတို့ကျောင်းလာတော့ အကုန်လုံးက ပြုံးပြံးကြီးဖြစ်နေကြတာ"

"အဲ့လောက်ထိအဖြစ်သည်းမနေစမ်းပါနဲ့"

"မသည်းလို့ရမလား။ကျောင်းမှာရန်ဖြစ်တယ်ဆိုထားအုံးအခုက caption ကိုလည်းဖတ်ကြည့်အုံး"

Jungkook ပေါင်ပေါ်တက်ထိုင်လိုက်သည့် Taehyung
ဖုန်းကိုလည်းပြသည်။

"အော်"

ပုံကြည့်ကာ သိပ်မတုံ့ပြန်။
ပုံထက်အရေးကြီးတာက သူ့အပေါ်ရုတ်တရက်ကြီးတက်ထိုင်လိုက်တဲ့ Taehyungကြောင့်ပင်။

" ဘာကို အော်လဲ။မင်းဒေါသမထွက်ဘူးလား"

" အမှန်ပဲလေ။ဒေါသထွက်စရာလား"

" ဘာကိုအမှန်လဲ။ဒီမှာရေးထားတာကြီးကိုလည်းကြည့်"

အားကစားခန်းမထဲအော်ရင်းဒေါသဖြစ်နေလေသည်။အကြောင်းကတော့ သူJungkook ကိုခုန်အုပ်ကာကိုက်နေတဲ့ ဗွီဒီယိုကြောင့်ပင်။

ထိုဗွီဒီယိုမှာလည်း ကျောင်းရဲ့group chat ထဲတင်ထားတာကြောင့်ပို၍
မျက်နှာပူနေလေသည်။
အဘယ်ကြောင့်ဆို ‌သူတို့၏အတန်းပိုင်ဆရာလည်းထိုgroup ထဲရှိနေတာကြောင့်ပင်။

" ကျောင်းသားလူမိုက်နှစ်ဦး၏ Hickey ပေးနေကြပုံ တဲ့။တကယ်စိတ်တိုလိုက်တာ"

" ရေးထားတာမှန်သလိုပါပဲ"

"Jungkook မင်းပါငါ့ကိုစိတ်ဆိုးအောင်လုပ်နေတာလား"

" ငါ့လည်ပင်းက ကိုက်ရာကြီးက ဘယ်သူလုပ်တာလဲ"

" ငါ‌လုပ်တာလေ"

ကျနော့်ကိုသူကခပ်တည်တည်နှင့်ပြန်‌ဖြေလေတယ်။

"ဆရာမြင်သွားရင်ဘယ်လိုလုပ်မလဲ"

"Kim Taehyung ဆိုတဲ့လူမိုက်ကြီးက
ဘယ်တုန်းကများ အဲ့လိုမျိုး‌ကိုတွေးပြီးကြောက်သွားတတ်တာတုန်း"

Be My Valentine(Completed)Donde viven las historias. Descúbrelo ahora