Unicode
၀မ်ရိပေါ်အတွက် ရှောင်ကျန့်ဟာ
ထူးဆန်းတဲ့ အရူးလေးဖြစ်တယ် ။ဘာလို့ ထူးဆန်းတဲ့
အရူးလေးဖြစ်ရသလဲဆိုရင်
ရှောင်ကျန့်က အမြဲ သူ့ကိုယ်သူ
ရူးနေတာပါလို့ ၀န်ခံလေ့ရှိလို့ပါပဲ ။ဒါက အရမ်းကို ထူးဆန်းမနေဘူးလား ?
စိတ်ကျန်းမာရေး အထူးကုလုပ်လာတဲ့ ၅ နှစ်တာ
ကာလပတ်လုံး ရှောင်ကျန့်လို လူနာမျိုး ၀မ်ရိပေါ်
တစ်ခါမှ မတွေ့ဖူးသေးဘူး ။ များသောအားဖြင့်
အရူးတွေက သူတို့ကို ရူးနေပါတယ်လို့ပြောရင် မကြိုက်ကြဘူး ။ ဖင်ပိတ်ပြီး ငြင်းတတ်ကြတယ် ။ဒါပေမဲ့ ရှောင်ကျန့်ကတော့.....!
သူမတူတဲ့ အရူးလေးမို့လို့လားပဲ ။ဘယ်သူကမှ သူ့ကို အရူးလို့ မခေါ်တာတောင်
သူကတော့ သူ့ကိုယ်သူ ရူးနေတာဖြစ်ကြောင်း
အတင်းတွေ ဇွတ်တွေ ၀န်ခံနေတော့တာပါပဲ ။တစ်ခုခုမေးလိုက်တိုင်း ရှောင်ကျန့်ဟာ ဒီလို !
" ကျွန်တော်က အရူးလေးလေ ဟီးဟီးးး " ဆိုတဲ့
အထာနဲ့ မျက်လုံးလေးတွေ မှေးကျဥ်းသွားသည်
အထိ ရယ်ပြရင်း တကယ်ကို အပြစ်ကင်းစင်တဲ့
မျက်နှာမျိုးလေး လုပ်ပြကာ ပြန်ဖြေတတ်တယ် ။ကိုယ့်ကိုယ်ကိုယ် အရူးမှန်းသိတဲ့ အရူး !
တကယ်ပဲ စိတ်၀င်စားဖို့ ကောင်းတယ် ။သူ ကြည့်ရသလောက်တော့ ရှောင်ကျန့်ရဲ့
ဘယ်နေရာကမှ အရူးနဲ့တူနေတာမျိုး မရှိဘူး ။
ရှောင်ကျန့်ဟာ ဘယ်ဘက်ကပဲ ကြည့်ကြည့်
သူ့ မျက်လုံးထဲတော့ အကောင်းပကတိအတိုင်း
လေးဖြစ်တယ် ။ ဒါကြောင့် သူ့မှာ ရှောင်ကျန့်နဲ့
ပတ်သက်ပြီး သံသယတွေအများကြီးရှိနေတယ် ။ရှောင်ကျန့်ဟာ တကယ်ပဲ ရူးနေခဲ့တာလား ?
ဒါမှမဟုတ် ရူးချင်ယောင်ပဲ ဆောင်နေတာလား ?ဒီအဖြေကို ရှာဖို့တွက် သူ့အနေနဲ့ အရင်ဆုံး
ရှောင်ကျန့်နဲ့ ရင်းနှီးဖို့ရာ လိုအပ်လာတယ် ။× × ×
" ငါးလေးတစ်ကောင် ဖမ်းမိတယ်
ဘာ ဖြစ် လို့ လွှတ် လိုက် တယ်
ကျွန်တော့် လက်ကို သူ ကိုက်တယ် "
CZYTASZ
傻瓜 - shǎguā