Part - 2

355 14 0
                                    


Part - 2

                   🍒 ဟုတ်ကဲ့ ကိုကို 🍒

" ဟဲ့ !! ဟဲ့ !!!  ဟိုမှာကိုကို "

ငနီမပြလိုက်တဲ့နေရာကို လှမ်းကြည့်လိုက်မိတော့
ကားပါကင်က သူကားလေးဘေးနားမှာ မက်တပ်ရပ်နေတဲ့ ကိုကို ။ ဂျူတီကုတ်လေးကို လက်တစ်ဖက်ကနေကိုင်ထားရင်း မျက်နှာကနည်းနည်းစိတ်ပျက်နေသလိုမျိုး ။

" ကိုကို ဘာဖြစ်နေတာလဲမသိဘူး "

" ကားဘီးလေလျှော့နေလို့လေ "

" ဘာ !!! နင်ဘယ်လိုသိလဲ "

" ဘယ်လိုသိရမလဲ ငါကိုယ်တိုင် အစောင့်ဦးဘေးကြီးနဲ့ပေါင်းပြီး လေလျှော့ထားတာ "

" ငနီမ !! နင် နင်တော့လား ငါ့ကိုကို ကို "

" အောင်မလေးဟဲ့!! အောင်မလေး!! ငါ့ကိုကိုဆိုတာ
ကြီးပဲ ၊ အဲဒါ ငါ့အကိုအရင်းခေါက်ခေါက်ကြီးနော် ၊ နင်တအားတွေကြူးပြမနေနဲ့ "

" အေးပါ!! အေးပါ!! အဲဒါနင့်အကိုပါ အဲဒါကြောင့် နင်ကငါ့ညီမပဲ ပြောပါဦး ဘာလို့ကိုကို့ကားကိုလေလျှော့ထားတာလဲ "

" ဘေဘီသျှန်း နင်ဟာလေ ထူလွန်းတုံးလွန်းနေတာလားဟယ် ၊ ဘာလို့ကားဘီးလေလျှော့ရမှာလဲ ၊ နင့်အတွက်ဂွင်ဖန်ပေးတာလေ "

ကြားလိုက်ရတဲ့စကားကြောင့် သျှန်း ပြုံးလိုက်မိရင်း

" အော်!!!  အဲလိုလား "

" အေး! အဲလိုပဲ အခုသွားတော့ တော်ကြာ ကိုကို
ကြုံတာနဲ့လိုက်ပြန်သွားလိမ့်မယ် ၊ ငါ့ကိုမေးရင် မတွေ့ဘူးလို့သာဖြေလိုက်သိလား ၊ သွားတော့ "

" အေးပါ!! အေးပါ!! ကျေးဇူးပဲ သူငယ်ဂျင်းလေးရယ် "

သျှန်း ငနီမအနားကနေ ပြေးထွက်မယ်ပြင်တုန်း
အနောက်ကနေ အကျႌကိုစောင့်ဆွဲခံလိုက်ရတာကြောင့် နောက်လှည့်ကြည့်လိုက်ရင်း

" ဘာတုန်းဟာ!! ဘာဖြစ်ပြန်တာလဲ "

" ငါက ကြိုးစားပန်းစားဂွင်ဖန်ပေးထားရတာကို နင် က ကားထဲရောက်ရင် ဟုတ်ကဲ့ကိုကိုလောက်နဲ့ပြန် မလာနဲ့နော် ကြားလား "

" အေးပါဟယ့် နင်ကလဲ သွားပြီ "

ငနီမကိုပြောပြီး နောက်တစ်ကြိမ်လှည့်ထွက်ပြန်တော့လဲ

ဟုတ်ကဲ့ ကိုကို (ဟုတ္ကဲ့ ကိုကို) Uni+ZawWhere stories live. Discover now