Part - 1 ( Uni+Zaw )

1.5K 29 1
                                    

🍒  ဟုတ်ကဲ့ ကိုကို 🍒

Part - 1

🎼 ကိုကိုရေ မြန်မြန်အလုပ်ရှာ အချိန်မဆွဲနဲ့ ×× ကိုကိုနဲ့နေချင်လှပြီ ချစ်လွန်းလို့ 🎼

" ဖြန်း! !!! "

" အား!!! သေပါပြီ "

" အလုပ်ရှာရမှာနင်လေ အကောင်ရဲ့ ၊ ငါ့အကိုက အလုပ်နဲ့အကိုင်နဲ့ ဆရာဝန် ၊ နင်သာ ဘွဲ့ရပြီး ယောင်ခြောက်ဆယ်လုပ်နေတာ ၊ နင်က ငါ့အကို ကို လိုချင်သေး နောက်ပြီးခိုင်းစားဖို့လဲကျန်နေသေး သူတောင်းစား "

" ငနီမ!! နင့်လက်ကြမ်းကြမ်းကြီးနဲ့ ပိုးသားလိုနူးညံ့ တဲ့ ငါ့အသားလေးကိုများ မညှာမတာရိုက်တာ ကျန်း !!! "

ရေချိုးခန်းထဲကထွက်လာလာချင်း ရေစိုနေတဲ့ကျော
ပြင်ကို လက်ဝါးနဲ့ အားရပါးရရိုက်ချလိုက်တာခံရထဲက ငနီမလက်ချက်ဆိုတာသိပြီးသား ။ ကိုယ့်အိမ်က ကိုယ့်အခန်းထဲအထိဝင်လာပြီး အခုလိုအနိုင် ကျင့်တက်တာ ငနီမအပြင်ဘယ်သူရှိမလဲ ။

" မသာ!! ငါ့ကို ငနီမလို့ခေါ်ပြန်ပြီလား "

" နင်ဘာလို့ငါ့ကိုရိုက်သေးလဲ လူပျိုလေးနေတဲ့အခန်းထဲ စွတ်ရွတ်ဝင်လာတာ နင်ဘယ်လိုအပျိုလေးတုန်း ဟင်!ငါ ကိုယ်လုံးတီးနဲ့လေ နင်မရှက်ဘူးလား  အရှက်မရှိ သရက်စေ့မ "

" အောင်မလေး !! စကားကြီးစကားကျယ်တွေပြောနေတာတော့ ဘေဘီသျှန်းက၊ အဲသရက်စေ့ကို နင့်ဘာသာနင်စုပ်လေ အရူးရဲ့ "

" ဒီမှာ ငါ့အခန်းထဲစွတ်စွတ်ဝင်မလာနဲ့နော် နင်မရှက်ပေမယ့် ငါရှက်တယ် သူများကလူပျိုနုနုထွဋ်ထွဋ်လေး "

" ရီလိုက်ရတာဖက်ဖက်မော ရင်ဘက်နောက်က ကျောပဲ နုမှပေါ့ ငါ့အကိုကိုမှ ဖွင့်မပြောရဲတာ၊ အဖြစ် မရှိတဲ့ကောင်ကိုး နင်က ငှက်ပျောပင်စိုက်ဖို့လောက်အတွက်ပဲ အသုံးဝင်မယ့်ပုံ "

" ဖွင့်မပြောရဲတာမဟုတ်ဘူး မပြောသေးတာ ငါက ကိုကို့ကို ဒီတိုင်လေး ငေးနေရတာသဘောကျလို့
အလှကြည့်နေရတဲ့ ခံစားချက်ကို နင်မသိပါဘူးအနီမရယ် နင်ကစိတ်ကြမ်းကိုယ်ကြမ်းနဲ့ လူကြမ်းမကြီးကိုး "

" နင့်ကို လေကြီးဖင်ကျယ်မျိုးလားမေးရအောင်လဲ
နင်တို့အမျိုးတွေမှာ နင်ကလွဲရင် အကုန်လုံးအဖြစ်ရှိမှန်းငါသိနေတယ်ဟယ်၊ နင်ပဲ လေတစ်လုံးမိုးတစ်
လုံးနဲ့ အဖြစ်ကျ တစက်လေးမှကိုမရှိတဲ့ကောင် "

ဟုတ်ကဲ့ ကိုကို (ဟုတ္ကဲ့ ကိုကို) Uni+ZawWhere stories live. Discover now