ရွာနားနီးကပ်လာတာနဲ့တပြိုင်နက် လတ်ဆတ်တဲ့လေတွေက ဂျုံဆောင်းရဲ့ ဆံနွယ်တွေကြား ဝှေ့ယမ်းကခုန်ရင်းကြိုဆိုတယ်။ ၅လကျော်နေပြီဖြစ်တာမလို့ စူဖောင်းဖောင်းလေးဖြစ်နေတဲ့ဗိုက်ကို ပါလာတဲ့လွယ်အိတ်နဲ့သေချာကာပြီး အဒေါ် (၃) ယောက်ရဲ့ နေအိမ်ဟုထင်ရသည့် အိမ်တံခါးရှေ့၌မတ်မတ်ရပ်ရင်း
" ဒေါ်လေး!! တီတီငယ်!! တီတီ !!!
ကျွန်တော် ဂျုံဆောင်းပါ "အိမ်တွင်းကခြေသံတလျှပ်လျှပ်ကို နီးကပ်စွာကြားလာရတာမလို့ စိတ်ကိုအသင့်ပြင်ဆင်ရင်း မျက်နှာထက်ဝယ် အပြုံးခပ်ကြီးကြီးကိုသေချာပြင်ဆင်လိုက်သည်။
" ဘယ်သူ..အယ် .. ဂျုံဆောင်း!!! ငါတို့ကလေးလေး "
အဒေါ် (၃) ယောက် က ဝိုင်းဖက်ကြမလို့ ဟန်ပြင်လိုက်ရာမှ ဂျုံဆောင်းရဲ့ဖုံးကွယ်ထားတဲ့ ဗိုက်ကလေးကိုမြင်ပြီး ရပ်တန့်သွားကြတယ်။
" ဒေါ်လေးတို့စီအလည်ခနလာတာလား "
" ဒီလိုရောက်လာရတာ မျက်နှာမပြဝံ့ပေမယ့် ဒေါ်လေးတို့ အိမ်မှာ ကျွန်တော့်ကိုခနလောက်ပေးနေပါလားဟင်.. ကလေးမွေးပြီးတဲ့အထိပါပဲ "
ရိုရိုကျိုးကျိုးနဲ့ ဂျုံဆောင်းက အဒေါ်သုံးယောက်ရှေ့မှာ သနားချင့်စဖွယ်ခွင့်တောင်းတယ်။
အဒေါ် သုံးယောက်စလုံးက အပျိုကြီးများဖြစ်သည့်အလျောက် ဒီလိုရောက်လာရခြင်းကို သေချာပေါက်အသာတကြည် လက်ခံမပေးကြပါဘူး။" နေပါအုန်း.. ဂျုံဆောင်းရယ်.. နင်က ရုတ်တရပ်ကြီးရောက်လာတော့လည်း အထုပ်နဲ့အထည် နဲ့ .. နင့်အမျိုးသား ဟို ပတ်ဆောင်းဟွန်းဆိုတဲ့တစ်ယောက်ကရော နင်ငါတို့နဲ့လာနေမှာသိသလား "
" မမငယ်ကလည်း ကြည့်တာနဲ့သိသာကြီးပါ သူတို့လင်ယောင်္ကျား စိတ်ဆိုးပြီး ဒင်းကလေးကအိမ်ပေါ်ကဆင်း နေရာပြောင်းပြီး ကျမတို့စီဒုက္ခလာပေးတာနေမှာပေါ့ ဟမ့် "
တီတီ က တစ်လုံးတစ်ခဲကြီးပြောလိုက်တာမလို့ ဂျုံဆောင်းမှာ မျက်နှာကိုကျောက်ပြင်နဲ့မိတ်ဆက်ခံလိုက်ရသလို။ သူတို့ကို ဒုက္ခပေးတော့မှာမှန်ပေမယ့် စိတ်ဆိုးလာတာမဟုတ်ရပါဘူး။
YOU ARE READING
Screw the Plot
Fanficပြန့်ကျဲနေတဲ့အစိတ်အပိုင်းတွေ၊ နှလုံးသား jigsaw တွေ၊ နောက်ဆုံး မင်းနဲ့ငါ။