တီ..တီ..တီ..တီ..တီ..တီ..တီ..⏰
မနက်၅နာရီနှိုးဆက်မြည်လာသည်နှင့် ပန်းတစ်ယောက်အိပ်ယာမှထရတော့သည် မထလို့လည်းမရပေ..ဖေဖေပန်းနာရင်ကြပ်နဲ့ဆုံးပြီးထဲကစျေးထဲမှာမေမေနဲ့အတူကုန်စုံဆိုင်လေးဖွင့်ပြီး ရုန်းကန်နေရတာဖြစ်သည်..အခုလည်းစျေးဆိုင်သို့ဆိုင်ဖွင့်ရန်သွားရပေမည်..
ရေမိုးချိုးမျက်နှာသစ်ပီးတာနှင့် အပွင့်များပါသည့်ပန်းရောင်ဝမ်းဆက်ကိုဝတ်ကာ စျေးသို့ထွက်ခဲ့လေသည်..
စျေးသို့လမ်းလျှောက်ကာသွားနေစဥ်မမြင်ချင်တဲ့သူတစ်ယောက်ကိုတွေ့လေသည်..ထိုသူမှာတခြားမဟုတ် မိဘလုပ်စာကိုထိုင်၍သုံးဖြုန်းကာလေလွင့်နေသောစစ်ရောင်ပင်ဖြစ်လေသည်..
''ပန်း..ဆိုင်သွားတော့မလို့လား'''' အင်း..ဒါနဲ့ရှင်ကအစောကြီးဒီမှာဘာလုပ်နေတာလဲ''
''ပန်းကိုစောင့်နေတာလေ..အဖြေတောင်းမလို့''
''ရှင့်ကိုဘယ်သူကအဖြေပေးမယ်ပြောလို့လာစောင့်နေတာလဲ..စောစောထပီးအကျိုးမရှိတာလုပ်နေမယ့်အစားတရားထိုင်နေပါတော့လား''
'' မဟုတ်ဘူးပန်းရဲ့..ကိုယ်ညတည်းကအိမ်မပြန်ရသေးတာ..ညကclub မှာသူငယ်ချင်းတွေနဲ့ကဲပီးအဲ့မှာပဲအိပ်လိုက်တာ..မိုးလင်းတော့အဖြေတောင်းဖို့ပန်းကိုလာစောင့်နေတာ ကိုယ့်ကို အဖြေပြန်ပေးပါတော့နော်''
''ဒီမှာကိုစစ်ရောင်..ရှင့်ကိုကျွန်မဘယ်တုန်းကမှအဖြေပေးမယ်လို့မပြောခဲ့ဘူးနော်..ပြောခဲ့တယ်ဆိုရင်လည်းကျွန်မပေးမယ့်အဖြေကလည်း ချစ်တယ်ဆိုတဲ့စကားဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး..''
''မင်းကိုကိုယ်ချစ်နေတာကြာပီလေ..အကြိမ်ကြိမ်အခါခါဖွင့်ပြောခဲ့လည်းအကြိမ်ကြိမ်အခါခါငြင်းခဲ့တယ်..ဘာလို့လဲ..ကိုယ့်မှာဘာချို့ယွင်းချက်ရှိလို့လဲ..ရုပ်ရည်..အဆင့်အတန်း..ဂုဏ်ပကာသနအားလုံးကပန်းလိုမိန်းကလေးလက်ခံနိုင်တဲ့ပုံစံပဲနော်''
''ဒီမှာကိုစစ်ရောင်..လူမှုရေးအရအလိုက်အထိုက်ပြန်ပြောပေးနေတာကို သိက္ခာကိုစော်ကားလောက်တဲ့စကားမျိုးအထိမပြောပါနဲ့ ရှင့်ရဲ့ရုပ်ရည် အဆင့်အတန်း ဂုဏ်ပကာသန ဟုတ်ပါတယ် ဘယ်မိန်းကလေးမှမငြင်းနိုင်ပါဘူး..ဒါပေမယ့်ပန်းကတော့ပြတ်ပြတ်သားသားငြင်းနိုင်တယ် ပန်းကအဲ့လို လက်ကျောမတင်းဘဲ မိဘလုပ်စာထိုင်သုံးဖြုန်းနေတဲ့လူကိုစိတ်မဝင်စားဘူး..ပြောစရာစကားကုန်ပီ''
YOU ARE READING
အချစ်ဝဋ်ကြွေး
Fanfictionလွှမ်းခက်နောင် ပြောပါဦးမတိမ်ပန်းနွယ်ရဲ့ယောကျ်ားတကာနဲ့ဖစ်ချင်သလိုဖစ်ပီးမှ ဒီနွားကိုထောက်ချောက်ဆင်ဖမ်းရတာပျော်ရဲ့လားဟမ် တိမ်ပန်းနွယ် ချစ်လွန်းလို့ကပ်တွယ်မိခဲ့တာပါမောင်ရယ်..ခံနိုင်ရည်တွေကုန်ဆုံးသွားတဲ့တစ်နေ့တော့ ဘယ်သူမှမမြင်အောင်ထွက်ခွါပေးပါ့မယ် စစ်...