''ပန်းနွယ်ရေ..သမီး လာပါဦးကွယ် အမေပြောစရာရှိလို့''
''ရှင်အမေ..ဟုတ်လာပီ''
''အမေအိမ် မှာစက်ချုပ်စားရင်ကောင်းမလားလို့''
''ဘာလို့လဲအမေရဲ့ စျေးထဲကဆိုင်လည်းရှိနေတာပဲ''
''အဲ့ဆိုင်ကမနက်ပိုင်းလေးနဲ့ ညနေစောင်းပိုင်းလေးပဲလူကြတာလေသမီးရဲ့ နေ့ခင်းဘက်တွေအားနေတာပဲ အပိုဝင်ငွေလေးရအောင်ပါ ဒီဆိုင်လေးကစားဖို့လောက်ပေမယ့် တကယ့်အရေးကြုံလာရင် မလောက်ငှဘူးသမီးရဲ့''
''အမေရယ်..မလုပ်ပါနဲ့ အမေကခါးနာတတ်တယ်လေ အညောင်းတွေမိကုန်ဦးမယ်..အကယ်၍မလောက်ငှဘူးဆိုရင်လည်း သမီးအလုပ်ထွက်ရှာပါ့မယ်နော်''
''အေးပါသမီးရယ်..အမေကသမီးပင်ပန်းမှာစိုးလို့ပါ''
''ဘာမှမဖစ်ပါဘူးအမေရဲ့..အမေသာဆိုင်လေးကိုနားနားနေနေနဲ့ရောင်းနော်..သမီးအလုပ်တွေလုပ်ပြီးအမေ့ကိုချမ်းချမ်းသာသာနဲ့ထားနိုင်အောင်ကြိုးစားမယ်''
''သာဓုပါကွယ်..သာဓုပါ..သာဓုပါ''
အခြေအနေကပုံမှန်တိုင်းမလည်ပတ်နိုင်ကုန်စျေးနှုန်းတွေလည်းတဖြည်းဖြည်းကြီးလာတော့ ပန်းနွယ်အလုပ်ထွက်ရှာရန်အကြောင်းဖန်လာလေသည်
************************
''လွှမ်းခက် လာဦး''ဖေဖေကျွန်တော့ကိုခေါ်နေလေပီ မနေ့ကကိစ္စမှဟုတ်ပါလေစ
''မင်းမနေ့က hotel မှာပြဿနာဖြစ်တာကိုအေးအေးဆေးဆေးမဖြေရှင်းဘဲ ပီးစလွယ်လုပ်လိုက်တယ်ဆို''
''အဖေ့ကိုဘယ်သူချွန်လိုက်ပြန်ပီလဲ..''
''ဘယ်သူပဲ ပြန်ပြောပြောမင်းငါ့ကိုမေးမနေနဲ့ မင်းကို hotel မှာအတွေ့ကြုံယူပြီးဦးဆောင်ခိုင်းတာ ဖြစ်သလိုနေပြီးပြန်လာခိုင်းတာမဟုတ်ဘူး''
''အဖေကလည်း ကျွန်တော်မှမလုပ်တတ်တာ ဘာလုပ်ရမှန်းလည်းမသိဘူး''
''အေး..မနက်ဖြန်ဝန်ထမ်းအသစ်တွေကိုအင်တာဗျူးဖို့ရှိတယ် မင်းရွေးပီးအဆင်ပြေမယ့်သူ့ကိုခန့်လိုက်''
''hotel မှာဝန်ထမ်းတွေဒီလောက်အများကြီးလေ ဘာလုပ်ဖို့လဲ''
''အေး..အဲ့တာပဲ ဟိုဘက်မှာအဆောက်ဦးအသစ်တွေဆောက်ပြီးထားတာတွေမမြင်ဘူးမလား မင်းကတော့ကွာ''

YOU ARE READING
အချစ်ဝဋ်ကြွေး
Fanfictionလွှမ်းခက်နောင် ပြောပါဦးမတိမ်ပန်းနွယ်ရဲ့ယောကျ်ားတကာနဲ့ဖစ်ချင်သလိုဖစ်ပီးမှ ဒီနွားကိုထောက်ချောက်ဆင်ဖမ်းရတာပျော်ရဲ့လားဟမ် တိမ်ပန်းနွယ် ချစ်လွန်းလို့ကပ်တွယ်မိခဲ့တာပါမောင်ရယ်..ခံနိုင်ရည်တွေကုန်ဆုံးသွားတဲ့တစ်နေ့တော့ ဘယ်သူမှမမြင်အောင်ထွက်ခွါပေးပါ့မယ် စစ်...