song recommend -
one last time - Ariana Grande- နောက်ဆုံးတစ်ခေါက်ပါပဲကွာ နောက်ဆုံးတစ်ခေါက်ပါပဲ မင်းကိုငါအိမ်ပြန်ပို့ပေးလို့မရဘူးလား ဒီတစ်ခေါက်ပြီးရင် ငါတကယ်မင်းဘေးကထွက်သွားပေးမှာပါ ဂျောင်ဂုရယ် -
- 𓉳 -
'တောင်'ကနဲဝင်လာတဲ့ notification
အသံကြောင့်သူဖုန်းဖွင့်ကြည့်လိုက်တော့
Instagram မှာကောင်မလေးတစ်ယောက်က
သူ့အားလာ follow ထားသည်။စိတ်ညစ်နေသည်မို့ နာမည်ပဲဖတ်လိုက်ပြီး
ဝင်မကြည့်ဖြစ်ဘဲ ဖုန်းကိုကုတင်ပေါ်
ပစ်ချလိုက်သည်။ဒီရက်ပိုင်းသူဂျောင်ဂုနဲ့
စကားမပြောဖြစ်သလို။
ဘယ်သူနဲ့ပြောပြောစိတ်မပါ ။
ဂျောင်ဂုနဲ့ပြောရင်လည်း
ပျော်မနေဘဲ စိတ်ညစ်နေမိသည်။
သူကိုယ်တိုင်ဘာတွေဖြစ်နေမှန်းမသိတော့။သူကုတင်ပေါ်ပစ်လဲချလိုက်တော့
ဖုန်းကတီတီနဲ့မြည်လာသည်မို့
ကြည့်လိုက်တော့ အချစ်ဆုံးသူငယ်ချင်း
ပတ်ခ်ဂျီမင်းပင်။“ပြော ဂျီမင်း”
•ဘာမှထွေထွေထူးထူးမဟုတ်ပါဘူးငါတို့ Ken အိမ်သွားမလို့မင်းလိုက်မလား •
Ken အိမ်ဆိုတဲ့အသံကြောင့်
သူ့မျက်နှာလင်းလာပြီး ထထိုင်မိလိုက်ပေမယ့်
အတွေးတစ်ခုကြောင့်
မျက်နှာကပြန်ညိုးသွားရသည်။“တော်ပါပြီ မလိုက်တော့ဘူး”
•တွေ့ရမှာကို•
“ငါမတွေ့ချင်တော့ဘူး မင်းနီရာ ပင်ပန်းလာပြီ”
•အွန်းပင်ပန်းနေရင်နားလိုက်ဦး ဒါပဲနော်•
ဂျီမင်းစကားအဆုံးမှာသူဖုန်းချလိုက်သည်။
ဆိုင်ကြောင့်ပင်ပန်းတာမဟုတ်ဘဲ
သူချစ်ရတာပင်ပန်းနေရတာပင်။
ဂျောင်ဂုကိုချစ်ရတာ
ပင်ပန်းနေပြီဆိုရင်မှန်လိမ့်မည်။ဂျောင်ဂုက သူ့ရဲ့ ex တစ်ဖြစ်လဲ
သူငယ်ချင်းတစ်ယောက်ဖြစ်သည်။သူ့ဘက်ကတော့အခုထိမေ့မရသေးတဲ့
အချစ်ဦးလေး။သူဟာဂျောင်ဂုတင်တဲ့
Instagram story နဲ့ post
မှန်သမျှရင်ခုန်စွာဝင်ကြည့်တတ်တဲ့
လူတစ်ယောက်။
ဂျောင်ဂုနဲ့ရင်းနှီးစွာစကားမပြောဖူးပေမဲ့
IG message box ကဂျောင်ဂုအပေါ်
ဂရုစိုက်ဖြစ်သည်။
ဂျောင်ဂုကဘောလုံးဝါသနာအိုးလေးမို့
ဂျောင်ဂုတခုခုဖြစ်လာတိုင်း သူမေးမိသည်။
ပြိုင်ပွဲရှုံးလာသလား။
ထိခိုက်မိတာရှိလားပေါ့။
YOU ARE READING
KOOKJIN JINKOOK SHORT STORIES
FanfictionLet's talk about LOVE ! •read while listening to music ♪♪•♭♮ short story - B2 by Fogi 🦦