- 🌷 -
" ငါးပေါင်မုန့်နဲ့ ရေခဲမုန့်စားမယ်လေ "
" ဒါဆိုငါက တော့ပိုကီ သွားဝယ်လိုက်မယ် မင်းက ရေခဲမုန့်သွားဝယ်လိုက် ပြီးရင်ငါတို့လမ်းထိပ်မှာပြန်ဆုံမယ်"
"အင်း အင်း"
သူမင်ဂယူးနဲ့ လူခွဲလိုက်ပြီးရေခဲမုန့်ဝယ်ဖို့ထွက်လာခဲ့သည်။ ကျောင်းအပြန်မှာသူနဲ့မင်ဂယူး ညဈေးတန်း မုန့်ဝင်ဝယ်စားကြတာဖြစ်သည်။
သူကတော့ ဒီလိုနေရာတွေမရောက်ဖူးသဖြင့် ဘယ်သူမှမသိအောင် ခိုးလိုက်ခဲ့ခြင်းဖြစ်သည်။ရှင်းရှင်းပြောရရင် ကိုကိုမသိအောင်ခိုးလုပ်နေခြင်းပင်။ ဟိုနေ့က ကျောင်းဆောင်ဟောင်းမှာဖြစ်ခဲ့တဲ့ ကိစ္စနဲ့ အဲ့ဒီ့လူဆိုးနဲ့ သူနဲ့စကားမပြောဖြစ်ကြတော့။ သူ့ကိုလည်း အနိုင်လာမကျင့်သလို မျက်နှာချင်းတောင်မဆိုင်ဖြစ်တော့ပါ။ သူကရှောင်နေတာဆိုပိုမှန်မည်။ ဒါပေမယ့် သေချာပေါက်သူ့ကိုစောင့်ကြည့်နေမယ်ဆိုတာသိသည်။ ကင်မ်ဆော့ဂျင်က တစ်ခုခုမကြံစည်ဘဲ ပျောက်နေတယ်ဆိုတာမျိုး ရှိမှမရှိဘဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် အနိုင်ကျင့်လာရင်တောင် ငြိမ်မခံတော့ဘဲ ပြန်ပြောသင့်ရင်ပြောရမှာပဲ။
ရုံးဆင်းချိန်၊ ကျောင်းဆင်းချိန်ဖြစ်နေသည်မို့ ညဈေးက လူစည်ကားနေသည်။ ကြိတ်ကြိတ်တိုးနေတာမျိုးမဟုတ်ပေမယ့် ရှုပ်ရှပ်ခက်နေတော့သည်။
မျက်မှန်ကိုပင့်ပြီး သူ့လွယ်အိတ်ကိုသေချာကိုင်ထားကာ ရေခဲမုန့်ရောင်းတဲ့ဆိုင်ကို ရှာနေမိသည်။ သူကဒီလို လူများတဲ့နေရာမျိုးတစ်ခါမှ သွားဖူးသူမဟုတ်။ တစ်ခါမှမရောက်ဖူး၍ အသစ်အဆန်းဖြစ်အောင် မင်ဂယူးနောက် လိုက်လာခဲ့ပေမယ့် လမ်းလည်းကျွမ်းကျင်သူမဟုတ်။ အခုမှ မင်ဂယူးနဲ့လူခွဲဝယ်တာကို နောင်တရချင်လာတော့သည်။ သူ့ပုံစံက လူကြားထဲမှာ အဖေပျောက်လို့ လိုက်ရှာနေတဲ့ ကလေးနဲ့တူနေလေပြီ။
"တဆိတ်လောက်ပါဗျ"
"ရှင့်.."
"အစ်မလက်ထဲကရေခဲမုန့်ကဘယ်နားကလဲမသိဘူး ကျွန်တော်ရှာနေတာမတွေ့လို့ပါဗျ"
"အာ..ဟိုမှာတွေ့လားကလေးလေး ဦးထုပ်ဆောင်းထားတဲ့ ဦးလေးကြီးကို"
YOU ARE READING
KOOKJIN JINKOOK SHORT STORIES
FanfictionLet's talk about LOVE ! •read while listening to music ♪♪•♭♮ short story - B2 by Fogi 🦦