- darlin' u - V

816 66 11
                                    

Song recommend : Baby - Justin Bieber

- 🌷 -

ဗွမ်း!!

အမှတ်တမဲ့ ကိုကိုက သူ့လက်ကိုဆွဲဆောင့်လိုက်သည်မို့ နှစ်ယောက်လုံး ဗလုံးဗထွေးဖြင့် ‌ရေကူးကန်ထဲပြုတ်ကျသွားသည်။

လုံးဝမထင်မှတ်ထားတဲ့အခြေအနေမို့ သူဘာလုပ်လို့ဘာကိုင်ရမလဲမသိ။ ရေမွှန်းနေပြီး အပေါ်ကိုကူးမရဖြစ်နေသည်။ သူကိုကို့ လက်ကိုလှုပ်ကာ စစ်ကူခေါ်သော်လည်း ကိုကိုကသူ့ကိုပြုံးပြီးကြည့်နေသည်ကို မှုန်ဝါးဝါးမြင်ရ၏။

ဝမ်းနည်းလာသည်မို့ ရေထဲမှာပဲ ငိုချမိတော့သည်။ ကိုကို့လက်ထဲက သူ့လက်ကိုဆွဲထုတ်ကာ မျက်လုံးတွေကိုအုပ်လိုက်သည်။

ကိုကိုကျွန်တော့်ကို အရမ်းမုန်းနေရင် ကျွန်တော်ကလည်း ကိုကို့ကို‌မုန်းနိုင်အောင်ကြိုးစားတော့မှာပါ။

ရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့ အီရန့်ကိုကြည့်ကာ ရေပေါ်ပြန်မတင်ပေးမိဘဲ ပြုံးပြီးကြည့်နေမိသည်။ ကျွတ်သွားတဲ့ အီရန့်ရဲ့မျက်မှန်ကို လှမ်းဆယ်နေချိန်မှာပဲ ဂျွန်အီရန်က သူ့လက်ထဲ လက်ကလေးကိုပြန်ယူသွားတော့ ထိုကောင်လေးကိုလှမ်းကြည့်မိသည်။ မျက်နှာကိုလက်နှစ်ဖက်ဖြင့် အုပ်ထားပြီး ရေပေါ်ကိုပြန်မကူးဘဲ ကြောင်တောင်တောင်လေးဖြစ်နေသည့်ပုံ။

သူစိတ်ပူသွားပြီး ဂျွန်အီရန့်ရဲ့ လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်ကာ ရေပေါ်ပြန်တက်လာခဲ့သည်။ ရေပေါ်ရောက်သည်နှင့် အီရန်က သူ့လည်ပင်းကိုပြန်လည်ဖက်လာပြီး ရှိုက်သံသေးသေးလေးထွက်လာသည်။ သူအီရန့်ကို ရေကူးကန်၏ ဘောင်ပေါ်တင်ပေးလိုက်ပြီး မျက်ရည်တွေကို လက်မဖြင့် တစ်ဖက်ဆီသုတ်ပေးလိုက်သည်။

“အာ..မငိုပါနဲ့ကွာ”

“ကို..ကိုကို ဘာလို့ဒီလိုလုပ်တာလဲ ကျွန်တော်ကြောက်လို့သေတော့မယ်”

“အေးပါ အေးပါကွာ ကိုကို့အမှား မငိုနဲ့နော် အီရန်”

သူပြောလိုက်မှ အီရန်က ပိုတိုးကာငိုလာသည်။
ဒီကလေးကိုတွေ့တာနဲ့ ငိုအောင်စချင်တဲ့ စိတ်ကလေး ပိုဆိုးလာသည်ထင်။ အခု သူ့ကလေးလေးငိုနေတာ တအားချစ်ဖို့ကောင်းလွန်းသည်။ မျက်ရည်တွေလျှံကျနေတဲ့ မျက်ဝန်းလေးက အကြည့်မလွှဲနိုင်တဲ့အထိ လှလွန်းကာ ချစ်စရာကောင်းလှသည်။

KOOKJIN JINKOOK SHORT STORIES Where stories live. Discover now