Chapter 4.3

137 19 0
                                    

Unicode

ည ၁၀ နာရီ Harbin လေဆိပ်တွင်။

လေဆိပ်၏ ဆေးဘက်ဆိုင်ရာရုံးတွင်၊ ဒွမ်ဝမ်ယူ သည် ရုတ်တရက် အဖျားကြီးလာသော နင်းဖုန် ကို ကူကယ်ရာမဲ့သောမျက်နှာဖြင့် စောင့်ကြပ်နေခဲ့သည်။  "ပြောပါဦး၊ မင်းဟာ ပုံမှန်ဆို သံနွားငယ်လေးလို ခုန်လိုက်ဆင်းလိုက်လုပ်နေတာ၊ မင်း ရုတ်တရက် ဘယ်လိုဖြစ်တာလဲ!"

"ရေဆာတယ်"

နင်းဖုန် သည် သူ့အတွက်သူ ရေထည့်ရန် ခွန်အားပင်မရှိပဲ တွန့်လိမ်နေ၏။  နောက်ဆုံးတော့၊ သူကဖျားနာတဲ့အခါ နုနယ်ပြီး လိမ္မာပုံရတဲ့ တခြားဆယ်ကျော်သက်တွေလိုပါပဲ။

"ငါသေတော့မှာမို့ နေလို့အဆင်မပြေဘူး"

“မဟုတ်ကဟုတ်က။”

ဒွမိးဝမ်ယူ သည် သူ၏ အဓိပ္ပာယ်မရှိသောစကားကို နားထောင်ပြီး ဘိုးဘေးလေးကို ကျွေးမွေးရန်အတွက် ရေနွေးပူပူထည့်ပေးရန် မထမီ နင်းဖုန် ၏ ခေါင်းကို ပွတ်သပ်လိုက်သည်။

အကယ်၍ လေယာဉ်မတက်မီ သူ ရုတ်တရက် အဖျားကြီးခြင်းကြောင့်သာ မဟုတ်ပါက၊ သူတို့နှစ်ဦးသည် Harbin မှ Mohe Gulian လေဆိပ်သို့ ပျံသန်းပြီး နာရီအနည်းငယ်အတွင်း နျွဲ့ရှောင် နှင့် တွေ့ဆုံရန် အဆင်သင့်ဖြစ်နေမှာဖြစ်သော်လည်း အစီအစဉ်မှာ ပြောင်းလဲမှုတွေနဲ့ မည်သည့်အခါမျှ လိုက်နိုင်မှာမဟုတ်ချေ။

ဒွမ်ဝမ်ယူ က နင်းဖုန် ကို ရေနည်းနည်းသောက်ခိုင်းပြီး ဆေးရုံကုတင်ဘေးမှာ ထိုင်လိုက်တယ်။  အားနေချိန်မှာ တစ်ခုခုလုပ်နေတာက ပိုကောင်းပါတယ်။  သူ့လက်တော့ပ်ကို ထုတ်ပြီး မစ်ရှင်ပစ်မှတ်ရဲ့ အနေအထားကို စစ်ဆေးဖို့ သွားခဲ့တယ်။

ဒါပေမယ့် ဒီစုံစမ်းခြင်းက ဖြစ်ရပ်တစ်ခုသာပေါ်ထွက်လာတယ်။
***

Yunchang၊ Fengshan ဗီလာဧရိယာ။

နို့လက်ဖက်ရည်ရောင် ဖက်ထုပ်ငယ်လေးသည် အခွံမာသီးအချို့ကို ကိုင်ဆောင်ထားပြီး ပြတင်းပေါက်၏ ကတ္တီပါစောင်ပေါ်တွင် ထိုင်နေကာ ကောင်းကင်ပေါ်ရှိ ကြယ်များကို မျှော်ကြည့်ရင်း ရံဖန်ရံခါ ၎င်းဘေးရှိ အီလက်ထရွန်းနစ်ဖန်သားပြင်ကို ကြည့်ကာ သူ့အတွေးလေးများ လွင့်မျောနေသည်။

ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချမ်းသာသောဟမ်းစတားလေးWhere stories live. Discover now