အပိုင်း(၁)

8.8K 276 11
                                    

Unicode

ဆေးရုံအနံ့ဒဏ်ကနေလွတ်မြောက်လာတာကြောင့်ကျွန်တော့်အသက်ရှူဝသွားသလို။အင်္ကျီကိုတစ်ချက်နမ်းကြည့်လိုက်တယ်။ဆေးနံ့ကနှာခေါင်းထဲလုံးဝင်လာတော့ ကျွန်တော်နှာခေါင်းတစ်ချက်ရှုံ့ကာ ရှိသမျှအဝတ်အစားတွေအကုန်ချွတ်ပြီး လျှော်လိုက်ကာရေပါတစ်ခါတည်းချိုးလိုက်တယ်။ကျွန်တော်ဆေးရုံသွားကြောင်း မောင် သိလို့မဖြစ်ဘူး ။မဟုတ်ရင်ကျွန်တော် မသိစေချင်တဲ့အကြောင်းအရာတွေပေါ်သွားလိမ့်မယ်။

ဆေးမှတ်တမ်းစာရွက်ကို မောင် မမြင်နိုင်လောက်တဲ့နေရာကိုဖွတ်ထားလိုက်တယ်။ အခန်းထဲကစာရေးစားပွဲအံ့ဆွဲကိုဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ချစ်ရသူရဲ့  scholarလျှောက်ထားတာတွေ။ကျွန်တော့်ကိုစွန့်ခွာသွားဖို့လုပ်နေတာလား။ကျွန်တော်ဒီscholar လျှောက်ထားတာကိုသိတာ ၂ရက်လောက်ရှိပြီ။ မောင့်ဘက်ကကျွန်တော့်ကိုဘာမှစပြောသေး။မောင်ထားသွားသည်ရှိသော်ကျွန်တော်မတားရက်။

မောင့်ကိုဖြစ်ဖြစ်မြောက်မြောက်ဖြစ်စေချင်တယ်။ ရည်မှန်းချက်ပန်းတိုင်အတွက် ကျွန်တော်ကဆူးညှောင့်ခလုတ်မဖြစ်စေရ။ကျွန်တော်ကပဲ အလုပ်တသိထွက်သွားမှာ။ထွက်မသွားချင်လဲထွက်သွားရမှာပဲလေ။

တရိပ်ရိပ်မူးလာတဲ့ ခေါင်းကြောင့် မျက်စိကိုခပ်နာနာမှိတ်ရင်း လက်တစ်ဖက်ကစားပွဲစောင်းကိုထိန်းကာကိုင်ထားရသည်။။ ဖြစ်နေကျကိစ္စပဲမို့ကျွန်တော်အရေးတယူလုပ်မနေတော့။

ကျွန်တော်ကသာဘာမှဟုတ်တဲ့ကောင်။ကျွန်တော့်ချစ်သူက အင်ဂျင်နီယာ တစ်ယောက်ဖြစ်သလို siteတွေဘက်နယ်စုံဆင်းရတော့ သူနဲ့ကျွန်တော်ကညဘက်မှသာအေးအေးဆေးဆေးတွေ့ရတတ်တယ်။အိမ်ပြန်ချိန်မမှန်တဲ့မောင်က အထူးတလည်နေ့မျိုးဆိုဘယ်လောက်ပဲအလုပ်ရှိနေပါစေ ခွင့်ယူကာ ကျွန်တော့်ကိုသာတစ်ရက်လုံးပေးတတ်တယ်။
တစ်ခါတလေ ချစ်ရသူပင်ပန်းလာတာမြင်တော့ ကျွန်တော်ကပဲမနေနိုင်စွာပြောမိတယ်။

"မင်း၁ပတ်လောက်ဖြစ်ဖြစ် ခွင့်ယူပါလားကွာ ဒီလောက်ပင်ပန်းနေတာကိုနားလိုက်"

"မရဘူးလေ နိုင်း ကို ကောင်းကောင်းထားနိုင်ဖို့ ကျွန်တော်ကြိုးစားရမယ်လေ"

လိပ်ပြာတောင်ပံ ခက်လို့ပျံTahanan ng mga kuwento. Tumuklas ngayon