⑤ အငယ်

971 45 9
                                    

ဒီအကြောင်းအရာတွေ အားလုံးက ကျွန်တော့်အစ်ကိုက စတယ်လို့ ပြောရမလားပဲ။

အစ်ကိုက ငယ်စဥ်ကတည်းက ပါရမီနဲ့ ဘက်စုံထူးချွန်တဲ့လူတစ်ယောက်ပါ။ ကျွန်တော်ချစ်ခင်လေးစားရတဲ့ အစ်ကိုက ကျွန်တော်တို့မြို့လေးမှာ ဘက်စုံထူးချွန်တဲ့ စံပြကျောင်းသားဆိုလည်း မမှားသလို ကျွန်တော်တို့မိသားစုရဲ့ ဂုဏ်သိက္ခာဆိုလည်း မမှားပါဘူး။

မိဘတော်တော်များများက သူတို့ရဲ့ကလေးတွေကို ဆုံးမတဲ့အခါမှာ အစ်ကို့နာမည်ကို ထည့်ပြောရလောက်တဲ့အထိ အစ်ကို့ဂုဏ်သတင်းက မွှေးလွန်းခဲ့ပါတယ်။ အိမ်မှာဆိုလည်း အစ်ကိုရရှိခဲ့တဲ့ တံခွန်စိုက်ဆုတွေ၊ လူရည်ချွန်ဆုတွေ စတဲ့ ဆုတံဆပ် တွေကို ဧည့်ခန်းမှာ ဂုဏ်ယူဝင့်ကြွားစွာပြသထားပြီး အိမ်ကိုလာသမျှ ဧည့်သည်တွေကိုလဲ အမေက အစ်ကို့အကြောင်းအမွှန်းတင်ရင်း ဧည့်ခံတတ်ပါတယ်။

ကျောင်းမှာဆိုလည်း အစ်ကို့မျက်နှာနဲ့ ကျောင်းအုပ်ဆရာကြီးကအစ ဆရာ၊ ဆရာမနဲ့ သူငယ်ချင်းတွေရဲ့ကြားမှာ ကျွန်တော် အင်မတန်မျက်နှာ ပွင့်လင်းခဲ့ရပါ တယ်။

ပြီးတော့ အစ်ကို့မှာ ဘာအရာမဆို ဖန်တီးပြုလုပ်နိုင်တဲ့ လက်တစ်စုံလည်း ရှိနေပါသေးတယ်။ အိမ်မှာရှိတဲ့ ပရိဘောဂတော်တော်များများဟာ အစ်ကိုအားတဲ့ အချိန်မှာ ပြုလုပ်ပေးထားတဲ့ ပစ္စည်းတွေကများပါတယ်။

အစ်ကိုက ဆယ်တန်းမှာ ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ပြီး မကွေးဆေး တက္ကသိုလ်မှာ ဆေးကျောင်းတတ်ခွင့်ရခဲ့ပါတယ်။ စိတ်နေစိတ်ထား ဖြူစင်သန့်ရှင်းပြီး အေးဆေးတည်ငြိမ်သော အစ်ကို့ရဲ့ခန့်ညားတဲ့ရုပ်ရည်၊ ဆရာဝန်လောင်းဆိုတဲ့ ဂုဏ်ပုဒ် စတာတွေက သမီးရှင်တွေအတွက် မျက်စိကျစရာဆိုပေမယ့် အစ်ကိုကတော့ စာဖတ် လိုက်၊ ဘောလုံးသွားကန်လိုက်၊ လူမှုကူညီရေးအသင်းမှာ လုပ်အားသွားပေးလိုက်နဲ့ သာ သူ့ရဲ့အားလပ်ချိန်ကို ဖြတ်သန်းလေ့ရှိပြီး ချစ်သူရည်းစားဆို၍ မူးလို့တောင်ရှုစရာ ရှိမည် မထင်ပါ။

အရာအားလုံးဟာ ကျွန်တော်တို့မိသားစုအတွက် ပျော်စရာအတိ ဖြစ်နေပြီး စိတ်ကျေနပ်စရာကောင်းလှပါတယ်။ ဒါဟာ မုန်တိုင်းမလာခင် ငြိမ်သက်နေခြင်းမျိုးဆို တာ ကျွန်တော် ထိုစဥ်အချိန်က လုံးဝ သတိမထားမိခဲ့ပါ။

One Shot CollectionsWhere stories live. Discover now