Skin Care တယ်ဆိုတဲ့ အရေပြားထိန်းသိမ်းခြင်းကို ပါးစပ်ကမချတန်းပြောနေကြပေမယ့်
အရေပြားထိန်းသိမ်းခြင်းမှာပါတဲ့ အရေပြားဆိုတာကိုကော သေချာသိကြရဲ့လား…
မသိဘူးဆိုရင် အရေပြားအကြောင်း နားလည်းသဘောပေါက်သွားအောင် ပိမင် ရှင်းပြပေးပါ့မယ်…
အရေပြားဆိုတာ ခန္ဓာကိုယ်မှာ အကြီးဆုံး ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုလို့တောင် ပြောလို့ရပါတယ်…
ကြီးတယ်ဆိုတာကတော့ ကိုယ့်ဘာသာ စဉ်းစားကြည့်ပေါ့နော်… ခေါင်းအစကနေ ခြေအဆုံး…
တစ်ကိုယ်လုံးအုပ်ထားတာ အရေပြားပဲ…မဟုတ်ဘူးလား…
အရေပြားဆိုပြီး စကားလုံးတစ်လုံးတည်းသုံးပေမယ့်….အမှန်တကယ်တန်းကတော့ တစ်လွှာတည်း ဖွဲ့စည်းထားတာမဟုတ်ပါဘူး…
အလွှာတွေကို အဆင့်ဆင့်ခွဲထားတယ်ဆိုပေမယ့်လို့…အကြမ်းဖျင်း ၃လွှာရှိတယ်လို့ ပြောလို့ရပါတယ်…
၁ - အရေပြားအပေါ်လွှာ (Epidermis)
၂ - အရေပြားကြားလွှာ (Dermis)
၃ - အဆီအောက်လွှာ (Subcutaneous tissue)…တွေဆိုတဲ့ ၃ လွှာပေ့ါလေ…
အဲ့ဒီ ၃လွှာအကြောင်းကို ပိမင်နည်းနည်း ထပ်ရှင်းပြပါ့မယ်…
၁ - အရေပြား အပေါ်လွှာ (Epidermis)
ပိမင်တို့ အခု အရေပြားကို ကိုင်ကြည့်လိုက်လို့ ထိမိတဲ့နေရာက အရေပြားရဲ့ အပေါ်ယံဆုံးအလွှာဖြစ်တဲ့ Epidermis အလွှာပါပဲ…
အဲ့ဒီအလွှာလေးကိုပဲ မိုက်ခရိုစကုတ်အောက်မှာ ထားပြီးထပ်ကြည့်လိုက်မယ်ဆိုရင်တော့… နောက်ထပ်၅လွှာကို ထပ်တွေ့နိုင်အုန်းမှာပါ…ဒါပေမယ့်…ထားလိုက်ပါ…ထပ်ပြောနေရင် ထပ်ရှုတ်သွားပါလိမ့်မယ်….
ထပ်ရှိမယ့် အလွှာလေး ၅လွှာထဲကမှ အပေါ်ဆုံးအပြင်လွှာဖြစ်တဲ့ စတွာတန် ကော်နီယမ်ဆိုတဲ့ အလွှာလေးကတော့ ပိမင်တို့ အရေပြားကို အဓိက ကာကွယ်ပေးနေတဲ့ အလွှာလေးပဲဖြစ်ပြီး…သူ့ကို ဖွဲ့စည်းထားတာကတော့ အသက်မရှိတဲ့ ဆဲလ်အအိုအဟောင်းလေးတွေပဲဖြစ်ပါတယ်…Exfoliate လုပ်တယ်ဆိုတာ အဓိက အဲ့ဒီအလွှာလေးနေရာပေါ့လေ…
အောက်က ကျန်တဲ့၄လွှာကတော့ အသက်ရှင်သန်နေသေးတဲ့ ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်…
၂ - အရေပြား ကြားလွှာ (Dermis)
သူ့နာမည်အတိုင်းပဲ အရေပြားရဲ့ ကြားအလယ်လွှာပေါ့လေ…
သူကတော့ Epidermis ထပ်ပိုနုနယ်ပြီး…ပိုပြီးလည်း အထိအခိုက်မခံတတ်ပါဘူး…အပေါ်လွှာကွဲပြီး အဲ့အလွှာသွားထိမိရင် တော်တော်နာပါတယ်…
ဘာလို့လည်းဆိုတော့ Dermis အလွှာမှာ သွေးကြောတွေ…အာရုံကြောတွေ ပါနေတာမို့လို့ဖြစ်ပြီး… အမွှေးအမြစ်..အဆီဂလင်း…ချွေဂလင်းတွေပါ ရှိနေသေးတာပေါ့လေ….
အရေပြားကြားလွှာကို ကော်လဂျင်…အီလက်စတင်…တို့လို ပရိုတင်းတွေနဲ့ ဖွဲ့စည်းထားတာပါ…
အဲ့လိုဖွဲ့စည်းထားလို့ပဲ အရေပြားက ကြုံ့နိုင်…ဆန့်နိုင်စွမ်းရှိတာပေါ့လေ…
အရေပြားက ကြံ့ခိုင်ပြီး…ကြုံ့နိုင်ဆန့်နိုင်စွမ်းကောင်းမှ အိုမင်းရင့်ရော်မှုကို ခံနိုင်ပြီး…အရေအကြောင်းပေါ်တာတွေ နည်းနိုင်မှာပါ…
၃ - အဆီအောက်လွှာ (Subcutaneous tissue)
သူလည်းနာမည်အတိုင်းပါပဲ….အဆီတွေနဲ့ ဖွဲ့စည်းထားတဲ့အလွှာပါ…
အဆီတွေအပြင်ကိုမှ တွယ်ဆက်တစ်ရှုးတွေပါ ရှိနေပါသေးတယ်…
လုပ်ငန်းဆောင်တာအနေနဲ့ကတော့…အပူအအေး…ရုတ်တရက်မပြောင်းလဲသွားအောင် ထိန်းပေးတာပါ…
အဆီဆိုတာ…အင်ဆူလေတာလေ…အပူကာတယ်ဆိုတော့…ခန္ဓာကိုယ်ထဲက အပူတွေ အပြင်မထွက်တော့ဘူးပေါ့..
အဲ့ဒါကြောင့် ဝတဲ့သူတွေ ပူရင် ချွေးပိုပြန်ကြတာပါ…
ထိမိခိုက်မိရင်လည်း ကူရှင်သဘောမျိုးလုပ်ပြီး သက်ရောက်မှုအားကို လျော့ချပေးပါသေးတယ်…
