2

302 44 1
                                    

အိမ်နောက်ဖေးက သကြားဘယ်ရီပင်နားမှာ ဆောနူသေးသေးလေးက ပန်းချီကားအတွက် paint mixing လုပ်နေတယ် ထင်ပါရဲ့ ။

နီခီ သူ့အရိပ်သေးသေးလေးအား စိတ်အနှောင့်အယှက် မဖြစ်စေလိုသော်ငြား မျက်နှာနုနုအား မြင်လိုက်ရမှ အဆင်ပြေမှာမလို့ ခြေသံတိတ်တဆိတ်နဲ့ ခပ်တိုးတိုး တစ်လှမ်းချင်းလျှောက်သွားမိသည်။

တစ်ဖြည်းဖြည်းနဲ့ ဆောနူအနား နီးလေလေ။
သူ့ရင်တွေ တလှပ်လှပ် ဖြစ်ရပါလေပဲ။

"ဆောနူစံ !! "

ဆောနူအနားနားတိုးကပ်သွားပြီး လည်ပင်းက မွှေးညှင်းနုနုများအား သူဝင်သက် ထွက်သက် နွေးနွေးနှင့် ကျီစယ်လိုက်ကာ နား,နားကပ်ပြီး အကျယ်ကြီး အော်ခေါ်လိုက်တော့ လန့်ကာ တုန်တက်သွားတဲ့ ကိုယ်သေးသေးလေးအား ကြည့်ရင် သူ့မှာ သဘောတကျ ရယ်ရပါသေးသည်။

"နီခီစံ !! အရမ်းဆိုးတာပဲ.."

ဆောနူ, သူရှေ့က ပုခုံးစွန်းနှစ်ဖက် လှုပ်ရမ်းသည်အထိ
သဘောတကျ ရယ်နေသူအား မျက်စောင်းတစ်ချက် ပစ်ကျွေးကာ ခပ်စူစူဖြစ်နေတဲ့ နှုတ်ခမ်းနဲ့ ဆူငေါက်လိုက်သည်။

ထိုအခါမှာတော့ သူ့ပါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ တစ်ဖက်တစ်ချက်စီ ညှစ်လာသူကြောင့် ဆောနူ ထိုလက်တွေအား အတင်းပုတ်ချမိသည်။

ဆောနူပါးနုနုနှစ်ဖက်ဟာ အခုဆိုရင် သူ့အောက်နှစ်,နှစ်ငယ်တဲ့ ကောင်လေးရဲ့ လက်ဖဝါးကြီးကြီးတွေထဲမှာ မြုပ်နေပြီ ။

"ဆောနူကလည်း.."

"ဘာလာလုပ်တာလဲ..မင်းက"

"ဟော်.. အမူးပြေသွားတော့
စွာနိုင်ပြီပေါ့.."

"မင်းနော်..ငါက မူး‌ချင်လို့ သောက်တာပါနော်"

"မသောက်နိုင်ဘဲ..သောက်တာပါ"

"ငါဒီတိုင်း ဆက်သွားနေလို့ မဖြစ်တော့ဘူး ထင်တယ်"

မျက်နှာခပ်မဲ့မဲ့နဲ့ တွေးဆဆပြောလာတဲ့ ဆောနူကို ကြည့်ရင်း
နီခီက ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ ဘေးက ခွေးခြေခုံပုပုအား ဆွဲကာ ထိုင်တယ်။

ပြီးတော့ အလုပ်မပျက် ဆောနူစံအား မော့ကြည့်သည်။

"အလုပ်ကလည်း မရှိ။
ပန်းချီကားကလည်း ခဏ ခဏ ပယ်ချခံရ။
‌တော်ကြာ မူးဖို့ သောက်စရာ ပိုက်ဆံတောင် မရှိတဲ့
ဘဝကူးတော့မယ် ထင်တယ် ရီခီရေ..
နီခီ ငါပြော‌နေတာ ကြားလား"

ᵐⁱⁿᵈ ᵍᵃᵐᵉˢ || sᴜɴᴋɪWhere stories live. Discover now