"ဘာတွေ နားထောင်နေတာလဲ.."
လိမ္မော်သီးအနည်းငယ်ပါတဲ့ ပန်းကန်အား
ဆောနူရှေ့ချပေးကာ နားကြပ်တစ်ဖက်ဖြုတ်ကာ
အမေးစကားဆိုမိသည်။"Nonsense sped up version နားထောင်နေတာ.."
"Sped up အထိတောင်ဆိုတော့ စိတ်တွေပါ ခပ်မြူးမြူးဖြစ်နေပုံရတယ်.."
ရီခီအနေနဲ့ ခဏတွေးလိုက်မိတာက ဆောနူကို တက်တက်ကြွကြွမြင်ချင်လို့ Sabrina ကိုတောင် အိမ်ခေါ်ထားဖို့ စဉ်းစားမိလိုက်ပါသေးတယ်။
"မဟုတ်ပါဘူးကွာ.."
"အဲ့ဒါဆို ခပ်မြူးမြူးဖြစ်ချင်လို့
နားထောင်နေတာလား..""အင်း..သိသွားပြီပဲ။
အရမ်းမြူးတာကြီးလည်း မဟုတ်ပါဘူး။
ပန်းချီဆွဲရတာ စိတ်မပါရုံသာမက
စုတ်တံတောင် မကိုင်ချင်တော့ဘူး..ရီခီရယ်။""ဟောဗျာ.."
"ဟောဗျာ လုပ်မနေဘဲ..
Recommend တစ်ပုဒ်လောက်ပေး..
ခပ်မြူးမြူးမဟုတ်လည်း ရတယ်""JB ရဲ့ confident .."
"K"
"နားထောင်ဖူးလား.."
"ဟင့်အင်း.."
နားမထောင်ဖူးဘူးဆိုပဲ။
သူကလည်း ပစ်စလက်ခတ် ရီကောမန့်ပေးတာမဟုတ်။
သူ့အတွေးနဲ့သူ သဘောတကျရယ်လိုက်ပြီးကာမှ
စကားလမ်းကြောင်းလွှဲရသေးသည်။"ဟောဗျာ.. ဂျိတ်ဟျောင်းသာ သိရင်
ဟျောင်းကို မျက်လုံးပြူးကြီးနဲ့
ခေတ်နောက်ကျလိုက်တာ ဆိုပြီး ပြောလောက်တယ်""အင်း ဟုတ်မယ်။
သူက belieber အကြီးစားကိုး""တစ်ဖက်သတ် အချစ်ကိုရော..
နားလည်သွားပြီလား""မသိဘူးကွာ..အဲ့အကြောင်းစဉ်းစားတိုင်း
အာရုံတွေနောက်တယ်""အဲ့ဒါ ဆောနူက မခံစားဖူးလို့လေ"
"မဟုတ်ဘူးလေကွာ.."
"အင်း ပြောပါအုံး.."
"တစ်ဖက်သတ်အချစ်ဆိုတာ
ဘာတွေများ ထူးခြားနေလို့လဲ။
ငါပြောဖူးသလိုပဲ..ကြိုက်ရင် ဖွင့်ပြော။
ဖွင့်ပြောတော့ ပြန်ကြိုက်..""ပြန်မကြိုက်ရင်ရော.."
သူ့မျက်ဝန်းတွေထဲအား နက်နက်နဲနဲ စိုက်ကြည့်ကာ မေးလာသူကြောင့် ဆောနူစိတ်ကလေး မဆိုသလောက် လှုပ်ရှားသွားရသည်ကို သူမငြင်းနိုင်ပါ။
YOU ARE READING
ᵐⁱⁿᵈ ᵍᵃᵐᵉˢ || sᴜɴᴋɪ
SpiritualWRITTEN IN BURMESE • A boy who will explain to a boy who doesn't know about one-sided love.How will they understand one-sided love? Will the boy finally understand one-sided love?Will the end be beautiful for the two boy?Can the two boy turn from...