One

13 1 0
                                    

Unicode

ညလည်မှာမြည်လာတဲ့ ဖုန်းသံတိုးတိုး​ကြောင့် မင်​ဆော့ ထထိုင်လိုက်ကာ ဖုန်းကိုင်လိုက်သည်...

*မင်​ဆော့​ပြော​နေပါတယ်

...........

*မနက်ဖြန်နားရက်ဆို​ပေမဲ့ ​နေ့ခင်းလောက် ဧည့်သည်၁​ယောက်နဲ့​တော့သွား​တွေ့ရမယ်

............

*ok! ည​နေဘက် က​လေး​တွေ​ခေါ်ပြီးရင်လာခဲ့မယ်...

............

*Huu~ ​

ဖုန်းချပြီးတံ့​နောက် သက်ပြင်းတစ်ချက်ချလာတဲ့ မင်​ဆော့..​၁နှစ်​ကျော်လာပြီဖြစ်တာ​တောင် အ​ခြေအ​နေကို အသားမကျ​နိုင်သေး~
အရင်က ​သူငယ်ချင်း​တွေနဲ့ ​​နေ့တိုင်းနီးပါး​ပျော်ပါးလျှောက်သွား​နေခဲ့တဲ့ မင်​ဆော့တစ်​ယောက် အခုများမှာ​​တော့ တက္ကသိုလ်တစ်ဖက် ကုမ္ပဏီတစ်ဖက်နဲ့ က​လေး၂​ယောက်ပါအဆစ်ရထားလို့ အပြင်တစ်ခါထွက်လည်နိုင်ဖို့အ​ရေး အလွန်ခက်ခဲ​နေခဲ့တာ​ကြောင့် ၁လမှာ ၁ရက်​တောင် သူငယ်ချင်း​တွေနဲ့မ​တွေ့နိုင်ဖြစ်​နေခဲ့တာကြာပြီဖြစ်သည်...ကံ​ကောင်းတာတစ်ခု​လေးက ၁၈ပြည့်သွားတာနဲ့ တန်းစစ်မှုထမ်းဖို့သွားလိုက်မိသွားတာပဲဖြစ်သည်...အခု​ကျောင်းပိတ်ရက်တွင်းဖြစ်တာ​ကြောင့် သူငယ်ချင်း​တွေနဲ့ အနည်းငယ်လည်ဖို့ဆုံးဖြတ်ထားသည်​လေ~အာာ သား၂​ယောက်နဲ့​ရောအတူ​ပေါ့.

ဖုန်းကို​စားပွဲ​ပေါ်ပြန်တင်လိုက်လိုက်ပြီးတဲ့​နောက်မှာ မနက်ဖြန်အတွက်အား​မွေးဖို့ရန် ပြန်လည်အိပ်စက်ဖို့လုပ်လိုက်​တော့သည်.

××××××

ကား​မောင်းရမှာမကြိုက်တဲ့ မင်​ဆော့က သူ့အချစ်​တော်ဆိုင်ကယ်​ကို အစားထိုးပြီး သွားရတာသ​ဘော​တွေ့​နေသူဖြစ်သည်...ရှုပ်​ထွေး​နေတဲ့ဘဝထဲ စိတ်ထွက်​ပေါက်တစ်ခုလိုခံစားရတာ​ကြောင့်လည်းပါသည်​လေ.

ဒီ​နေ့လည်း ဧည်​တွေ့ဖို့ကို ​ပေါ့​ပေါ့ပါးပါး ဆိုင်ကယ်နဲ့ သွားလိုက်တာ​ကြောင့် က​လေး​တွေ​ကျောင်း(​နေ့က​လေးထိန်း​ကျောင်း)ကိုလည်း ဆိုင်ကယ်နဲ့ပဲ ကြိုဖို့ဖြစ်လာရသည်.

DADDY's LOVER {Short Story}Where stories live. Discover now