Part 8

300 26 2
                                    

အဝတ်မဲ့နေတဲ့ခန္ဓာကိုယ်နှစ်ခုမှ ခန္ဓာကိုယ်သေးသေးလေးက စတင်၍ လှုပ်ရှားလာသည်။ felix သူ့ကိုဖက်ထားတဲ့လက်တစ်စုံကြောင့် လှုပ်ရှား၍ မရဖြစ်နေတာ​ကြောင့် ခေါင်းလေးမော့ပီး ကြည့်လိုက်တဲ့အခါ Hyunjin ကို မြင်လိုက်ရလို့ အတော်လေးလန့်သွားသည်။ ထို့အပြင်နှစ်ယောက်လုံးက အဝတ်မဲ့နေသည်။ felix သူတို့ညက ဘာဖြစ်ခဲ့လဲဆိုတာကို သဘောပေါက်သွားသည်။ဖက်ထားတဲ့ လက်တွေကို အသာလေးဖယ်ပီး ရေချိုးခန်းထဲက်ိုဝင်သွားလိုက်သည်။ရေချိုးပီလို့ ထွက်လာတာတောင် Hyunjin မနိုးသေးသောကြောင့် လက်ထဲကော်ဖီ ခါးခါးလေးတစ်ခွက်ယူပီး ဝရန်တာဘက်ကိုထွက်သွားလိုက်သည်။

Hyunjin သူ့ဘေးနားက အကောင်ပေါက်လေးရှိရာဘက်ကို လက်ဖြင့်အသာအယာစမ်းကြည့်တော့ မရှိဘူးဆိုတာသိလိုက်တာကြောင့် ညက ပြန့်ကျဲနေတဲ့ဘောင်းဘီကို ယူဝတ်လိုက်ပီး felix ရှိတဲ့ဝရန်တာဘက်ကို ထွက်လာပီး felix ရဲ့ခန္ဓာကိုယ် သေးသေးလေးကို သိုင်းဖက်လိုက်သည်။ felix သိုင်းဖက်လာတဲ့လက်တစ်စုံကို ဖြုတ်ချလိုက်သည်။

Lix::Hyunjin လွှတ် ငါမကြိုက်ဘူး

hyun::Lix ညက ကို တို့....

Lix::မေ့လိုက်တော့

hyun::ဟမ် ဘာလို့မေ့ရမှာလဲ

Lix::အချစ်မပါတဲ့ဆက်ဆံရေးမို့လို့မေ့လိုက် ဒါဟာ မတော်တဆဖြစ်ခဲ့တာ

hyun::မတော်တဆမဟုတ်ခဲ့ပါဘူး ညက မင်းမျက်လုံးတွေငါသေချာဖတ်လိုက်ရတယ်လေ

Lix::အဲ့ဒါ ငါ အမူးလွန်နေလို့ မင်းအထင်မှားတာ

hyun::မဟုတ်ဘူး Lix သေချာပေါက် မင်းငါ့အပေါ်မှာ စိတ်ဝင်စားနေခဲ့တာလေ

Lix::မင်း အထင်လေ

hyun::မင်းဘက်ကတော့ မတော်တဆ ဆိုပေမဲ့ ငါ့ဘက်က မင်းကို အတည်ကြံခဲ့တာ ညက မင်းဘယ်လောက်တောင်ဆိုးလိုက်သလဲ

Lix::မင်း ပါးစပ်ကို ပိတ်ထားလိုက် မင်းနဲ့ငါနဲ့ဆက်ဆံရေးက သာမန် အဆင့်ပဲရှိတာ

hyun::အခုလိုအတူတူနေပီးတာတောင် သာမန်အဆင်ပဲလား

lix::ဒါက မတော်တဆမို့လို့ မေ့လိုက်လို့ ငါပြောနေတယ်လေ

Never Again ( Completed) Where stories live. Discover now